?bph6

Place your ads here!





…….။ ။…….

ကတ်တာလိုနီးယား လွတ်လပ်ရေး ကြေညာမှု ရှင်းရှင်းလင်းလင်းပြောဖို့ စပိန်ဝန်ကြီးချုပ် တောင်းဆို

စပိန်ကနေ ခွဲထွက်လိုတဲ့ ကတ်တာလိုနီယားရဲ့ လွတ်လပ်ရေးကြေညာမှုကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ စပိန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက နောက်တစ်ဆင့် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့ စပိန်အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သိဖို့ လိုတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ လုပ်ပြီးနောက် ကတ်တာလန် ခေါင်းဆောင် ချားလ်စ် ပီဂျီမန့်က စက်တင်ဘာ ၁၀ ရက်နေ့မှာ တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာလိုက်ပါတယ်။ ဒါပေမယ့် စပိန်အစိုးရနဲ့ ထပ်ဆွေးနွေးဖို့ သီတင်းပတ် အနည်းငယ် ဆိုင်ငံ့ဦးမယ်လို့လည်း ပြောထားပြန်ပါတယ်။

adv_banner