?bph6

Place your ads here!





……..။ ။…….

သမ္မတ ထရမ့်ကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ အမ်မနင် သီချင်းဖွဲ့

အမေရိကန် ရပ်ပါ ဘုရင် အမ်မနင်ရဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ ၄ မိနစ်ခွဲကြာ ဖရီးစတိုင် သီချင်းတစ်ပုဒ်မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန် လှောင်ပြောင် တိုက်ခိုက်ထားပါတယ်။

သမ္မတ ထရမ့်ရဲ့ လူမျိုးရေး ခွဲခြားတာ၊ နျူကလီးယား စစ်ပွဲဖြစ်အောင် ရန်စနေပြီး ကိုယ့်သေတွင်း ကိုယ်တူးတဲ့ ခါမိခါဇေ လုပ်နေတာ၊ လပ်စ် ဗေးဂတ်စ် သေနတ်ပစ်မှုကို ရည်ညွှန်းတဲ့ သေနတ်ဥပဒေ ပြောင်းလဲရေး မလုပ်တာတွေကို သီချင်းထဲမှာ ထည့်ဆိုထားပါတယ်။

အသားအရောင်ခွဲခြားချင်တဲ့ သမ္မတ ထရမ့်ကိုလည်း လိမ္မော်ရောင် အသားအရေနဲ့လို့ လှောင်ပြောင်ထားပါတယ်။ ဒါပေမယ့် သမ္မတဟောင်း အိုဘားမားကိုတော့ ချီးကျူးထားပါတယ်။ အမေရိကန်စစ်တပ်ကို ကျွန်တော်တို့ ချစ်ပါတယ်၊ နိုင်ငံကိုလည်း ချစ်ပါတယ်၊ ထရမ့်ကိုတော့ အရမ်းမုန်းတယ်လို့ သီချင်းကို အဆုံးသတ်ထားပါတယ်။

adv_banner