?bph6

Place your ads here!

လိင္မႈ အ႐ႈပ္ေတာ္ပံုေၾကာင့္ ႐ုပ္ရွင္ထုတ္လုပ္သူ ဝိန္းစတိန္းကို ဇနီးက စြန္႔ခြာ

ေဟာလိဝုဒ္ မင္းသမီးေတြကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ လုပ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ တသီႀကီး ထြက္လာၿပီးေနာက္ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးသမား ဟာေဗး ဝိန္းစတိန္းကို ဇနီးျဖစ္သူ ၿဗိတိန္ ႏိုင္ငံသူ ေဂ်ာ္ဂ်ီနာ ခ်ပ္မန္းက စြန္႔ခြာလိုက္ၿပီ ျဖစ္ပါတယ္။

ဝိန္းစတိန္းရဲ႕ ခြင့္လႊတ္စရာမရွိတဲ့ အျပဳအမူေၾကာင့္ ခံစားခဲ့ရတဲ့ အမ်ိဳးသမီးအားလံုးကို ေတာင္းပန္ေၾကာင္း၊ ကေလးႏွစ္ေယာက္ကိုပဲ အခ်ိန္ေပးေတာ့ ျဖစ္ေၾကာင္း ေဂ်ာ္ဂ်ီနာ ခ်ပ္မန္းရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဝိန္းစတိန္းက လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြ လုပ္ခဲ့ေၾကာင့္ အမ်ိဳးသမီး အမ်ားအျပားက စြပ္စြဲတယ္လို႔ နယူးေယာက္တိုင္းမ္ သတင္းစာက စတင္ ေရးသားခဲ့တာ ျဖစ္ပါတယ္။

သူတို႔ တက္သစ္စ မင္းသမီးဘဝမွာ ႐ုပ္ရွင္ ထုတ္လုပ္သူ ဝိန္းစတိန္းက လိင္ပိုင္းဆိုင္ရာ ေစာ္ကားခဲ့တယ္လို႔ ေနာက္ဆံုး ထုတ္ေဖာ္ေျပာဆိုသူေတြက အင္ဂ်လီနာ ဂ်ိဳလီနဲ႔ ဂြင္းနက္သ္ ပက္ထ႐ိုတို႔ ျဖစ္ပါတယ္။

ဒီလို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြကို ႐ႈတ္ခ်တဲ့ နာမည္ေက်ာ္ေတြကေတာ့ ဂ်နီဖာ ေလာရင့္စ္၊ ဂလင္း ကလို႔စ္၊ ဆူဆန္ ဆာရန္ဒန္၊ ဂ်ဴလီယာနီ မိုး၊ ဂ်က္ဆီကာ ခ်ာစတိန္၊ ေဂ်ာ့ ကလူနီတို႔ ျဖစ္ပါတယ္။

……..။ ။……..

လိင်မှု အရှုပ်တော်ပုံကြောင့် ရုပ်ရှင်ထုတ်လုပ်သူ ဝိန်းစတိန်းကို ဇနီးက စွန့်ခွာ

ဟောလိဝုဒ် မင်းသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ တသီကြီး ထွက်လာပြီးနောက် နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးသမား ဟာဗေး ဝိန်းစတိန်းကို ဇနီးဖြစ်သူ ဗြိတိန် နိုင်ငံသူ ဂျော်ဂျီနာ ချပ်မန်းက စွန့်ခွာလိုက်ပြီ ဖြစ်ပါတယ်။

ဝိန်းစတိန်းရဲ့ ခွင့်လွှတ်စရာမရှိတဲ့ အပြုအမူကြောင့် ခံစားခဲ့ရတဲ့ အမျိုးသမီးအားလုံးကို တောင်းပန်ကြောင်း၊ ကလေးနှစ်ယောက်ကိုပဲ အချိန်ပေးတော့ ဖြစ်ကြောင်း ဂျော်ဂျီနာ ချပ်မန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခဲ့ကြောင့် အမျိုးသမီး အများအပြားက စွပ်စွဲတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက စတင် ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူတို့ တက်သစ်စ မင်းသမီးဘဝမှာ ရုပ်ရှင် ထုတ်လုပ်သူ ဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ နောက်ဆုံး ထုတ်ဖော်ပြောဆိုသူတွေက အင်ဂျလီနာ ဂျိုလီနဲ့ ဂွင်းနက်သ် ပက်ထရိုတို့ ဖြစ်ပါတယ်။

ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ရှုတ်ချတဲ့ နာမည်ကျော်တွေကတော့ ဂျနီဖာ လောရင့်စ်၊ ဂလင်း ကလို့စ်၊ ဆူဆန် ဆာရန်ဒန်၊ ဂျူလီယာနီ မိုး၊ ဂျက်ဆီကာ ချာစတိန်၊ ဂျော့ ကလူနီတို့ ဖြစ်ပါတယ်။

adv_banner