?bph6

Place your ads here!

ကင္ညာမွာ တကၠသိုလ္ ဝန္ထမ္း ႏွစ္ဦး ပစ္သတ္ခံရ

ကင္ညာႏိုင္ငံမွာ တကၠသိုလ္ဝန္ထမ္း ႏွစ္ဦးဟာ ေအာက္တုိဘာလ ၁၀ ရက္ေန႔က မြန္ဘာဆာၿမိဳ႕ ေတာင္ပိုင္းမွာ ေသနတ္ထိမွန္ ေသဆံုးသြားပါတယ္။

တကၠသိုလ္ ဝန္ထမ္းေတြနဲ႔ ေက်ာင္းသားေတြပါတဲ့ ကားတန္းက ေက်ာင္းပရဝုဏ္ထဲ ဝင္လာစဥ္ ေသနတ္သမားေတြက ပစ္ခတ္ခဲ့တာ ျဖစ္တယ္လုိ႔ ရဲေတြက ေျပာပါတယ္။

ကြာေလ ကမ္း႐ိုးေဒသမွာရွိတဲ့ မြန္ဘာဆာ စက္မႈတကၠသိုလ္ (TUM) မွာ ပစ္သြားတဲ့ ေသနတ္သမားေတြဟာ ဘယ္သူေတြဆိုတာ မသိရေသးေပမယ့္ ဓားျပေတြ ဒါမွမဟုတ္ သူပုန္ေတြ ျဖစ္ႏိုင္တယ္လို႔ ရဲက ေျပာပါတယ္။ အဲဒီေဒသမွာ လံုၿခံဳေရး အားနည္းၿပီး အခု ပစ္ခတ္ခံရတဲ့ ကားတန္းမွာ ရဲအေစာင့္အေရွာက္ ပါပါတယ္။

ကင္ညာကမ္း႐ိုးတန္းေတြမွာ အယ္လ္ ရွာဘတ္ အစၥလာမ္ စစ္ေသြးၾကြေတြ မၾကာခန တိုက္ခိုက္ေလ့ရွိၿပီး လူသစ္စုေဆာင္းေလ့ ရွိပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းကလည္း ဂါရစ္ဆာၿမိဳ႕ရွိ တကၠသိုလ္တစ္ခုကို အယ္လ္ ရွာဘတ္ အစြန္းေရာက္ေတြ ဝင္ေရာက္ ပစ္ခတ္လို႔ ေက်ာင္းသား ၁၄၈ ဦး ေသဆံုးခဲ့ပါတယ္။

…….။ ။…….

ကင်ညာမှာ တက္ကသိုလ် ဝန်ထမ်း နှစ်ဦး ပစ်သတ်ခံရ

ကင်ညာနိုင်ငံမှာ တက္ကသိုလ်ဝန်ထမ်း နှစ်ဦးဟာ အောက်တိုဘာလ ၁၀ ရက်နေ့က မွန်ဘာဆာမြို့ တောင်ပိုင်းမှာ သေနတ်ထိမှန် သေဆုံးသွားပါတယ်။

တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေပါတဲ့ ကားတန်းက ကျောင်းပရဝုဏ်ထဲ ဝင်လာစဉ် သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ကွာလေ ကမ်းရိုးဒေသမှာရှိတဲ့ မွန်ဘာဆာ စက်မှုတက္ကသိုလ် (TUM) မှာ ပစ်သွားတဲ့ သေနတ်သမားတွေဟာ ဘယ်သူတွေဆိုတာ မသိရသေးပေမယ့် ဓားပြတွေ ဒါမှမဟုတ် သူပုန်တွေ ဖြစ်နိုင်တယ်လို့ ရဲက ပြောပါတယ်။ အဲဒီဒေသမှာ လုံခြုံရေး အားနည်းပြီး အခု ပစ်ခတ်ခံရတဲ့ ကားတန်းမှာ ရဲအစောင့်အရှောက် ပါပါတယ်။

ကင်ညာကမ်းရိုးတန်းတွေမှာ အယ်လ် ရှာဘတ် အစ္စလာမ် စစ်သွေးကြွတွေ မကြာခန တိုက်ခိုက်လေ့ရှိပြီး လူသစ်စုဆောင်းလေ့ ရှိပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကလည်း ဂါရစ်ဆာမြို့ရှိ တက္ကသိုလ်တစ်ခုကို အယ်လ် ရှာဘတ် အစွန်းရောက်တွေ ဝင်ရောက် ပစ်ခတ်လို့ ကျောင်းသား ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။

adv_banner