?bph6

Place your ads here!

USS McCain သေဘၤာတိုက္မႈ အရာရွိ ႏွစ္ဦးကို ထပ္မံ ထုတ္ပယ္

ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းက သေဘၤာသား ၁၀ ဦး ေသဆံုးခဲ့တဲ့ အေမရိကန္ ေရတပ္ USS John S. McCain ဖ်က္သေဘၤာ တိုက္မိမႈနဲ႔ ပတ္သက္ၿပီး အဆင့္ျမင့္အရာရွိ ႏွစ္ဦးကို ထပ္မံ ထုတ္ပယ္လိုက္ပါတယ္။

စံုစမ္းစစ္ေဆးမႈေတြ ဆက္လုပ္ေနဆဲ ျဖစ္ၿပီး အေမရိကန္ ေရတပ္က သေဘၤာ တိုက္မိမႈဟာ ႀကိဳတင္ကာကြယ္ႏိုင္တယ္ဆိုတဲ့ အေထာက္အထား ေတြ႔တယ္လို႔ ေၾကညာပါတယ္။ ေရတပ္ ဒုဗိုလ္မႉးႀကီး အယ္လ္ဖရက္ဒို ေဂ် ဆန္းခ်က္ဇ္နဲ႔ ဒုဗိုလ္မႉးႀကီး ဂ်က္စီ အယ္လ္ ဆန္းခ်က္ဇ္တို႔ကို ယံုၾကည္မႈ မရွိေတာ့လို႔ တာဝန္က အနားေပးတယ္လို႔ ဒု ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ဖီးလ္ ေဆာ္ယာက ေၾကညာပါတယ္။

ၾသဂုတ္လ ၂၁ ရက္ေန႔က စင္ကာပူအနီး ေရလမ္းေၾကာင္း ႐ႈပ္ေထြးတဲ့ေနရာမွာ ေရနံတင္သေဘၤာ အယ္လ္နစ္ အမ္စီနဲ႔ အေမရိကန္ ေရတပ္ ဖ်က္သေဘၤာတို႔ တိုက္မိခဲ့တာ ျဖစ္ၿပီး ၁၀ ဦးေသကာ ၅ ဦး ဒဏ္ရာရပါတယ္။

……..။ ။………

USS McCain သင်္ဘောတိုက်မှု အရာရှိ နှစ်ဦးကို ထပ်မံ ထုတ်ပယ်

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သင်္ဘောသား ၁၀ ဦး သေဆုံးခဲ့တဲ့ အမေရိကန် ရေတပ် USS John S. McCain ဖျက်သင်္ဘော တိုက်မိမှုနဲ့ ပတ်သက်ပြီး အဆင့်မြင့်အရာရှိ နှစ်ဦးကို ထပ်မံ ထုတ်ပယ်လိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဆဲ ဖြစ်ပြီး အမေရိကန် ရေတပ်က သင်္ဘော တိုက်မိမှုဟာ ကြိုတင်ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့တယ်လို့ ကြေညာပါတယ်။ ရေတပ် ဒုဗိုလ်မှူးကြီး အယ်လ်ဖရက်ဒို ဂျေ ဆန်းချက်ဇ်နဲ့ ဒုဗိုလ်မှူးကြီး ဂျက်စီ အယ်လ် ဆန်းချက်ဇ်တို့ကို ယုံကြည်မှု မရှိတော့လို့ တာဝန်က အနားပေးတယ်လို့ ဒု ရေတပ်ဗိုလ်ချုပ်ကြီး ဖီးလ် ဆော်ယာက ကြေညာပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့က စင်ကာပူအနီး ရေလမ်းကြောင်း ရှုပ်ထွေးတဲ့နေရာမှာ ရေနံတင်သင်္ဘော အယ်လ်နစ် အမ်စီနဲ့ အမေရိကန် ရေတပ် ဖျက်သင်္ဘောတို့ တိုက်မိခဲ့တာ ဖြစ်ပြီး ၁၀ ဦးသေကာ ၅ ဦး ဒဏ်ရာရပါတယ်။

adv_banner