?bph6

Place your ads here!

ေျမာက္ကိုရီးယားနဲ႔ ပတ္သက္လို႔ သေဘၤာ ၄ စီးကို ကုန္သြယ္ခြင့္ ပိတ္

ေျမာက္ကိုရီးယားနဲ႔ ပတ္သက္ေနတဲ့ ကုန္တင္သေဘၤာ ၄ စီးကို ကုလသမဂၢက ကမာၻတလႊား ကုန္သြယ္ခြင့္ ပိတ္ပင္လိုက္ပါတယ္။

အဲဒီ သေဘၤာ ၄ စီးထဲက တစ္စီးဟာ ၂၀၁၆ ခုႏွစ္တုန္းက ေျမာက္ကိုရီးယားလုပ္ RPG ေလာင္ခ်ာ ၃ ေသာင္းကို ေမွာင္ခိုပို႔ဖို႔ ႀကိဳးစားရာမွာ ဖမ္းမိခဲ့တဲ့ သေဘၤာ ျဖစ္ပါတယ္။ ကုလသမဂၢက ေျမာက္ကိုရီးယားအေရး ကြ်မ္းက်င္သူ ဟ်ဳ ဂရစ္ဖစ္ကေတာ့ ဒါဟာ လွ်င္ျမန္ၿပီး ျပတ္သားတဲ့ တံု႔ျပန္ခ်က္ ျဖစ္တယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့လက ဂ်ပန္ႏိုင္ငံေပၚက ေက်ာ္ၿပီး ဒံုးက်ည္စမ္းသပ္ခဲ့တဲ့အတြက္ ေျမာက္ကိုရီးယားအေပၚ ထပ္မံခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈကို အေကာင္အထည္ ေဖာ္တာ ျဖစ္ပါတယ္။

…….။ ။…….

မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ သင်္ဘော ၄ စီးကို ကုန်သွယ်ခွင့် ပိတ်

မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ ကုန်တင်သင်္ဘော ၄ စီးကို ကုလသမဂ္ဂက ကမ္ဘာတလွှား ကုန်သွယ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

အဲဒီ သင်္ဘော ၄ စီးထဲက တစ်စီးဟာ ၂၀၁၆ ခုနှစ်တုန်းက မြောက်ကိုရီးယားလုပ် RPG လောင်ချာ ၃ သောင်းကို မှောင်ခိုပို့ဖို့ ကြိုးစားရာမှာ ဖမ်းမိခဲ့တဲ့ သင်္ဘော ဖြစ်ပါတယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဟျု ဂရစ်ဖစ်ကတော့ ဒါဟာ လျှင်မြန်ပြီး ပြတ်သားတဲ့ တုံ့ပြန်ချက် ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံပေါ်က ကျော်ပြီး ဒုံးကျည်စမ်းသပ်ခဲ့တဲ့အတွက် မြောက်ကိုရီးယားအပေါ် ထပ်မံချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုကို အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။

adv_banner