?bph6

Place your ads here!





…….။ ။…….

ဘရာဇီးမှာ အသေးစား လေယာဉ် နေအိမ်ပေါ်ပျက်ကျ၊ ၃ ဦးသေ

ဘရာဇီးနိုင်ငံ၊ ဆာအိုပေါ်လိုမြို့မှာ အောက်တိုဘာ ၉ ရက်နေ့က အသေးစား လေယာဉ်တစ်စင်း ပျက်ကျခဲ့လို့ လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီ လေယာဉ်ဟာ လူနေအိမ်တစ်လုံးရဲ့ အနောက်ဘက် ရေကူးကန်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်လိုက် ပါလာတဲ့ ခရီးသည် ၃ ဦးလုံး သေဆုံးခဲ့ပါတယ်။ နေအိမ်ပေါ်က လူတွေတော့ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြပါဘူး။

အဲ့ဒီ လေယာဉ်ဟာ အယ်ရီဘယ်တို မာနိုယယ် ရေနိုကို ပျံသန်းလာတာ ဖြစ်ပြီး လေဆိပ်မှာ ဆင်းဖို့ ချဉ်းကပ်စဉ် မီတာ ၃၀ဝ အကွာမှာပျက်ကျခဲ့တာ ဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်း စစ်ဆေးနေကြပါတယ်။

adv_banner