?bph6

Place your ads here!

မကၠဆီကိုမွာ ေထာင္တြင္းတိုက္ခိုက္မႈ ၁၃ ဦးေသ

မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္းရွိ ႏူဗိုလီယြန္ ျပည္နယ္မွာ အက်ဥ္းေထာင္တစ္ခုအတြင္း တိုက္ခိုက္မႈျဖစ္ပြားၿပီး အနည္းဆံုး ၁၃ ဦး ေသဆံုးသြားပါတယ္။

တိုက္ခိုက္မႈဟာ မေန႔ ေအာက္တိုဘာ ၁၀ ရက္ေန႔က ကာဒီေရတာ အက်ဥ္းေထာင္မွာ ျဖစ္ပြားခဲ့ၿပီး အေျခအေနကို ထိန္းသိမ္းဖို႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြကို ပို႔ထားပါတယ္။

ကာဒီေရတာ အက်ဥ္းေထာင္ဟာ မြန္တာေရးၿမိဳ႕ အျပင္ဘက္မွာ တည္ရွိပါတယ္။ အက်ဥ္းသားေတြရဲ႕ မိသားစုဝင္ေတြဟာ ေထာင္ျပင္ဘက္မွာ စု႐ံုးေနၾကၿပီး ေသဆံုးသူေတြထဲမွာ သူတို႔ မိသားစုဝင္ ပါ၊ မပါ သတင္းကို နားစြင့္ေနၾကပါတယ္။

အက်ဥ္းသားေတြ ဆႏၵျပမႈျဖစ္ပြားၿပီး အက်ဥ္းသားတစ္ဦး အသတ္ခံရာကေန အေျခအေနကို ထိန္းမရျဖစ္ခဲ့ၿပီး ေထာင္ဝန္ထမ္းေတြကိုလည္း ဓားစာခံအျဖစ္ ဖမ္းထားခဲ့တယ္လို႔ ႏူဗိုလီယြန္ ျပည္နယ္ ေျပာခြင့္ရသူက ဆိုပါတယ္။

………။ ။………

မက္ကဆီကိုမှာ ထောင်တွင်းတိုက်ခိုက်မှု ၁၃ ဦးသေ

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ နူဗိုလီယွန် ပြည်နယ်မှာ အကျဉ်းထောင်တစ်ခုအတွင်း တိုက်ခိုက်မှုဖြစ်ပွားပြီး အနည်းဆုံး ၁၃ ဦး သေဆုံးသွားပါတယ်။

တိုက်ခိုက်မှုဟာ မနေ့ အောက်တိုဘာ ၁၀ ရက်နေ့က ကာဒီရေတာ အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့ပြီး အခြေအနေကို ထိန်းသိမ်းဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ပို့ထားပါတယ်။

ကာဒီရေတာ အကျဉ်းထောင်ဟာ မွန်တာရေးမြို့ အပြင်ဘက်မှာ တည်ရှိပါတယ်။ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ ထောင်ပြင်ဘက်မှာ စုရုံးနေကြပြီး သေဆုံးသူတွေထဲမှာ သူတို့ မိသားစုဝင် ပါ၊ မပါ သတင်းကို နားစွင့်နေကြပါတယ်။

အကျဉ်းသားတွေ ဆန္ဒပြမှုဖြစ်ပွားပြီး အကျဉ်းသားတစ်ဦး အသတ်ခံရာကနေ အခြေအနေကို ထိန်းမရဖြစ်ခဲ့ပြီး ထောင်ဝန်ထမ်းတွေကိုလည်း ဓားစာခံအဖြစ် ဖမ်းထားခဲ့တယ်လို့ နူဗိုလီယွန် ပြည်နယ် ပြောခွင့်ရသူက ဆိုပါတယ်။

adv_banner