သီရိလကၤာ ေမြးကင္းစကေလး ၁ ေသာင္းေက်ာ္ ဥေရာပႏိုင္ငံေတြဆီ ေရာင္းစားခံရ

0
177

သီရိလကၤာ ႏုိင္ငံက ေမြးကင္းစကေလး ၁ ေသာင္းေက်ာ္ကို ဥေရာပႏိုင္ငံေတြဆီ ေရာင္းစားမႈေတြ ရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက         အတည္ျပဳ ေျပာဆုိလိုက္ပါတယ္။

နယ္သာလန္ ဂ်ာနယ္လစ္တစ္ဦးက သီရိလကၤာႏိုင္ငံမွာ ၁၉၈၀ ျပည့္ႏွစ္ ေနာက္ပိုင္းက စတင္ၿပီး ေမြးကင္းစကေလးေတြကို ဥေရာပတုိက္ႏုိင္ငံေတြဆီ ေရာင္းစားမႈေတြရွိခဲ့ေၾကာင္း၊ ကေလးငယ္ေပါင္း ၁၁၀၀၀ ဦး ေရာင္းစားခံရတယ္လို႔ ေဖာ္ျပခဲ့ၿပီးေနာက္ အဲဒီသတင္း မွန္ကန္မႈရွိတယ္လို႔ သီရိလကၤာ အာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။

နယ္သာလန္၊ ဒိန္းမတ္၊ ဂ်ာမနီ၊ ၿဗိတိန္နဲ႔ ဆီြဒင္ႏုိင္ငံတုိ႔ဆီ ေရာင္းခ်ခဲ့တာျဖစ္ၿပီး နယ္သာလန္ႏိုင္ငံ အတြင္း ကေလးငယ္ေပါင္း ၄၀၀၀ ေက်ာ္ ေရာင္းခ်ခဲ့တယ္လို႔ နယ္သာလန္ သတင္းေထာက္က ေဖာ္ျပခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေရာင္းစားခံရတဲ့ ကေလးေတြဟာ အရြယ္ေရာက္လာၿပီး သီရိလကၤာႏုိင္ငံကို ျပန္ကာ မိဘအရင္းေတြကို ရွာေဖြမႈေတြ  လုပ္ေနပါတယ္။ သီရိလကၤာ က်န္းမာေရးဝန္ႀကီးက ေမြးဖြားခဲ့တဲ့ မိခင္ကို ရွာေဖြႏိုင္ေရးအတြက္ ကေလးေတြကို DNA      စစ္ေဆးေပးမႈေတြ လုပ္ေဆာင္ရမယ္လု႔ိ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သီရိလင်္ကာ မွေးကင်းစကလေး ၁ သောင်းကျော် ဥရောပနိုင်ငံတွေဆီ ရောင်းစားခံရ

သီရိလင်္ကာ နိုင်ငံက မွေးကင်းစကလေး ၁ သောင်းကျော်ကို ဥရောပနိုင်ငံတွေဆီ ရောင်းစားမှုတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောဆိုလိုက်ပါတယ်။

နယ်သာလန် ဂျာနယ်လစ်တစ်ဦးက သီရိလင်္ကာနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းက စတင်ပြီး မွေးကင်းစကလေးတွေကို ဥရောပတိုက်နိုင်ငံတွေဆီ ရောင်းစားမှုတွေရှိခဲ့ကြောင်း၊ ကလေးငယ်ပေါင်း ၁၁၀ဝ၀ ဦး ရောင်းစားခံရတယ်လို့ ဖော်ပြခဲ့ပြီးနောက် အဲဒီသတင်း မှန်ကန်မှုရှိတယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ဆွီဒင်နိုင်ငံတို့ဆီ ရောင်းချခဲ့တာဖြစ်ပြီး နယ်သာလန်နိုင်ငံ အတွင်း ကလေးငယ်ပေါင်း ၄၀ဝ၀ ကျော် ရောင်းချခဲ့တယ်လို့ နယ်သာလန် သတင်းထောက်က ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရောင်းစားခံရတဲ့ ကလေးတွေဟာ အရွယ်ရောက်လာပြီး သီရိလင်္ကာနိုင်ငံကို ပြန်ကာ မိဘအရင်းတွေကို ရှာဖွေမှုတွေ လုပ်နေပါတယ်။ သီရိလင်္ကာ ကျန်းမာရေးဝန်ကြီးက မွေးဖွားခဲ့တဲ့ မိခင်ကို ရှာဖွေနိုင်ရေးအတွက် ကလေးတွေကို DNA စစ်ဆေးပေးမှုတွေ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။