?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖန်ဂန်နစ္စတန်နဲ့ ပါကစ္စတန် မှာအီရန် လူသစ်စုဆောင်း
အီရန် နိုင်ငံ ဟာ အာဖန်ဂန်နစ္စတန် နဲ့ ပါကစ္စတန်ရှိ ရှီယိုက်မွတ်စလင်တွေကို လူသစ် စုဆောင်းမှုတွေလုပ်နေတယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။

ဆီးရီယား က အာဆက်ဒ်အစိုးရအဖွဲ့တွေအတွက်တိုက်ခိုက်မှုပြုလုပ်ပေးဖို့ အီရန်နိုင်ငံက လူသစ်စုဆောင်းတာဖြစ်ပြီး လူတစ်ဦးကို တစ်လ အမေရိကန်ဒေါ်လာ ၆၀ဝ အပြင် အိမ်တွေ ပါပေးမယ်လို့ မက်လုံးပေးစုဆောင်းနေပါတယ်။

အခုလိုမျိုး အီရန် ရဲ့ လူသစ်စုဆောင်းမှုတွေအပေါ် နှစ်နိုင်ငံစလုံးက အကြမ်းဖက်တိုက်ဖျက်ရေး အဖွဲ့တွေကစိုးရိမ်မှုတွေရှိနေပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံသား ၆၀ဝ၀ လောက် ဟာ ဆီးရီးယားသမ္မတ အာဆက်ဒ်အတွက် တိုက်ခိုက်ပေးနေသလို ပါကစ္စတန်နိုင်ငံသားရာချီဟာလည်း ဆီရီးယားနိုင်ငံ တိုက်ပွဲတွေထဲပါဝင်နေပါတယ်။

adv_banner