





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နျူကလီယားရည်မှန်းချက် ရဖို့ မြောက်ကိုရီးယားလုပ်ဆောင်မယ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ဟာ နိုင်ငံရဲ့ နျူကလီယား ရည်မှန်းချက် ပန်းတိုင်ကို ရရှိစေဖို့ လုပ်ဆောင်သွားရေး ဆန္ဒရှိနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ အေ မရိကန်နိုင်ငံ စစ်တပ်နဲ့အတူ ဟန်ချက်ညီတဲ့အနေထားမျိုး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ စက်တင်ဘာ ၁၅ ရက်နေ့က ဂျပန် နိုင်ငံကိုကျော်ဖြတ်ပြီး ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကပြောခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပိတ်ဆို့မှုတွေချမှတ်ပြီး ရက် ပိုင်း အ ကြာမှာပဲမြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်း ဒုံးကျည်တွေစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံကတော့ ပိတ်ဆို့မှုတွေ လုပ်မယ့် အစား မြောက်ကိုရီးယားနိုင်ငံနဲ့ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်ကိုတောင်းဆိုထားပါတယ်။

adv_banner