?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပေါ့ဘာ အနားယူရမယ့်အချိန် ကာလကို အတိကျမသိသေးလို့ မော်ရင်ဟို ပြော

မန်ယူအသင်း ကွင်းလယ်လူ ပေါ့ဘာ ဟာ ရရှိထားတဲ့ ဒဏ်ရာကြောင့် အချိန်ဘယ်လောက် နားရမယ်ဆိုတာကို အတိကျမပြောနိုင်သေးဘူးလို့ နည်းပြမော်ရင်ဟိုကပြောပါတယ်။
ပေါ့ဘာ ဟာ မန်ယူနဲ့ ဘေဆဲလ်တို့ ကစားတဲ့ချန်ပီယံလိဂ်ပွဲမှာ တံကောက်ကြော ဒဏ်ရာရသွားခဲ့တာဖြစ်ပြီး အဲဗာတန် နဲ့ ကစားမယ့် တနင်္ဂနွေနေ့ ပရီးမီယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာမဟုတ်တဲ့အပြင်နောက်ထပ် ဘယ်လောက်နားရမယ်ဆိုတာကို မသိသေးဘူးလို့ မော်ရင်ဟိုကပြောပါတယ်။
။မော်ရင်ဟို က ပေါ့ဘာနဲ့ ပတ်သတ်လို့ တံကောက်ကြော ကြွက်သားဒဏ်ရာရတာကို ဘဲ သိရှိသေးပြီး ဒဏ်ရာကြောင့် အခုသီတင်းပတ် ပရီးမီယားလိဂ်ပွဲကို ပါနိုင်မှာမဟုတ်ဘူးလို့ မော်ရင်ဟိုကပြောပါတယ်။
ပေါ့ဘာ ဒဏ်ရာ ရသွားမှု ဟာ ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ မန်ယူအတွက်ထိုးနှက်ချက်ဖြစ်လာစေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

adv_banner