ၿဗိတိန္မွာ လံုျခံဳေရး ကို အျမင့္ဆံုးတပ္လွန္႔ထား

စက္တင္ဘာ ၁၅ ရက္ေန႔က  လန္ဒန္ၿမိဳ႕ ေျမေအာက္ မီးရထား ဘူတာရံု မွာ ဗံုး ေပါက္ကြဲမႈျဖစ္ပြားဲ့ၿပီးေနာက္ ၿဗိတိန္ႏုိင္ငံတဝွမ္း             အၾကမ္းဖက္ မႈနဲ႔ ဆုိင္တဲ့ တပ္လွန္႔မႈေတြ အျမင့္ဆံုးလုပ္ေဆာင္ထားပါတယ္။

ေျမေအာက္ မီးရထား ေပၚမွာ ဗံုးေပါက္ကြဲခဲ့လို႔ အနည္းဆံုး ၂၉ ဦးဒဏ္ရာရခဲ့ၿပီး IS  အစြန္းေရာက္ အဖြဲ႔က  ရထားေပၚဗံုးခြဲတိုက္ခုိက္မႈ ဟာသူတုိ႔အဖြဲ႔ လက္ခ်က္ျဖစ္တယ္လို႔ ဝန္ခံထားပါတယ္။

အခု တိုက္ခုိက္ခံရမႈ ဟာ ၆ လအတြင္း ၅  ၾကိမ္ေျမာက္အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ၿပီး  အဓိကေနရာေတြ မွာ ရဲတပ္ဖြဲ႔ ဝင္        အမ်ားျပား ျဖန္႔ၾကတ္ခ်ထားပါတယ္။

 ေနာက္ထပ္ တုိက္ခိုက္မႈေတြျဖစ္လာႏုိင္တာေၾကာင့္ လံုျခံဳေရးကို အျမင့္ဆံုးတပ္လွန္ထားတာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ ထရီဆာေမက ေျပာပါတယ္။ ၿဗိတိန္ႏုိင္ငံတဝွမ္းရွိ လမ္းေတြနဲ႔ သယ္ယူပို႔ေဆာင္ေရး ကြန္ရက္ေန႔ရာေတြမွာ လံုျခံဳေရးတပ္ဖြဲ႔ဝင္ ၁၀၀၀ ျဖန္႔ၾကတ္ခ်ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန်မှာ လုံခြုံရေး ကို အမြင့်ဆုံးတပ်လှန့်ထား
စက်တင်ဘာ ၁၅ ရက်နေ့က လန်ဒန်မြို့ မြေအောက် မီးရထား ဘူတာရုံ မှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားဲ့ပြီးနောက် ဗြိတိန်နိုင်ငံတဝှမ်း အကြမ်းဖက် မှုနဲ့ ဆိုင်တဲ့ တပ်လှန့်မှုတွေ အမြင့်ဆုံးလုပ်ဆောင်ထားပါတယ်။

မြေအောက် မီးရထား ပေါ်မှာ ဗုံးပေါက်ကွဲခဲ့လို့ အနည်းဆုံး ၂၉ ဦးဒဏ်ရာရခဲ့ပြီး IS အစွန်းရောက် အဖွဲ့က ရထားပေါ်ဗုံးခွဲတိုက်ခိုက်မှု ဟာသူတို့အဖွဲ့ လက်ချက်ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

အခု တိုက်ခိုက်ခံရမှု ဟာ ၆ လအတွင်း ၅ ကြိမ်မြောက်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး အဓိကနေရာတွေ မှာ ရဲတပ်ဖွဲ့ ဝင် အများပြား ဖြန့်ကြတ်ချထားပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတွေဖြစ်လာနိုင်တာကြောင့် လုံခြုံရေးကို အမြင့်ဆုံးတပ်လှန်ထားတာဖြစ်တယ်လို့ ဝန်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။ ဗြိတိန်နိုင်ငံတဝှမ်းရှိ လမ်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်နေ့ရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ဝ၀ ဖြန့်ကြတ်ချထားပါတယ်။

adv_banner