?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီးချုပ်ဟောင်း ရှရစ်ရဲ့ အယူခံကို ပါကစ္စတန်တရားရုံးချုပ် ပယ်ချ

ပါကစ္စတန် တရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းဟာ ဇူလိုင် ၂၈ ရက်နေ့က အရည်အချင်း ပျက်ယွင်းတယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပေးဖို့ ကြိုးပမ်းခဲ့ချိန်မှာ ပယ်ချခဲ့တာဖြစ်ပါတယ်။

ရှရစ်ရဲ့ မိသားစု ချမ်းသာမှုနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေလုပ်ချိန်မှာ ရှာရစ်ဟာ အကျင့်ပျက် လာဘ်စားမှုတွေ ရှိခဲ့တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ တရားသူကြီး ၅ ဦးပါအဖွဲ့ ဟာ ရှရစ်ရဲ့ အယူခံကို ပယ်ချခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှရစ်ဟာ အခုလို ပယ်ချခံရတာကြောင့် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ ရေးပန်းစားဖို့ အလားအလာ နည်းသွားတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

adv_banner