?bph6

Place your ads here!

အေမရိကန္ၿငိမ္းခ်မ္းေရး လုပ္အားေပးအဖြဲ႔ ႐ုတ္သိမ္းဖို႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ေတာင္းဆို

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္က ႏိုင္ငံထဲကေန ၿငိမ္းခ်မ္းေရး ေဆာင္ရြက္ေနတဲ့ လုပ္အားေပးအဖြဲ႔ေတြ ရုတ္သိမ္းဖို႔ အေမရိကန္ႏုိင္ငံကို ေတာင္းဆုိလုိက္ပါတယ္။

အတုိက္ခံ ႏိုင္ငံေရးပါတီ ေခါင္းေဆာင္ကို ႏုိင္ငံေတာ္ပုန္ကန္မႈနဲ႔ စြဲခ်က္တင္ၿပီးေနာက္ အေမရိကန္နဲ႔ ကေမာၻဒီးယားႏုိင္ငံၾကား   တင္းမာမႈေတြရွိေနခဲ့ၿပီး အေမရိကန္ႏိုင္ငံဟာ ျပည္တြင္းေရးကို စြက္ဖက္ေနတယ္တယ္လုိ႔ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္က စြပ္စြဲထားပါတယ္။

အေမရိကန္ သံရံုးကလည္း ကေမာၻဒီးယားႏုိင္ငံအတြင္း အစိုးရတာဝန္ရွိသူေတြဟာ အေမရိကန္ဆန္က်င့္ေရး အျမင္ေတြ ရွိေနလို႔ ႏိုင္ငံသားေတြအေနနဲ႔ သတိထားသြားလာဖုိ႔ သတိေပးထားပါတယ္။

ကေမာၻဒီးယားႏုိင္ငံထဲမွာ ၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနတဲ့ အေမရိကန္လုပ္အားေပးသမား ၇၀ ေက်ာ္ရွိေနပါတယ္။ အေမရိကန္ ႏိုင္ငံကေတာ့ ကေမာၻဒီးယားရဲ႕ ေတာင္းဆုိခ်က္ကို တစ္စံုတရာ တံု႔ျပန္တာ မရွိေသးပါဘူး၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟာ ဗီယက္နမ္စစ္ပြဲအတြင္း ေသဆံုးခဲ့တဲ့ အေမရိကန္စစ္သားေတြ ရွာေဖြဖို႔ အစီစဥ္ကိုလည္း ဆုိင္းငံ့ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်ငြိမ်းချမ်းရေး လုပ်အားပေးအဖွဲ့ ရုတ်သိမ်းဖို့ ဝန်ကြီးချုပ် ဟွန်ဆန်တောင်းဆို

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံထဲကနေ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ လုပ်အားပေးအဖွဲ့တွေ ရုတ်သိမ်းဖို့ အမေရိကန်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

အတိုက်ခံ နိုင်ငံရေးပါတီ ခေါင်းဆောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်ပြီးနောက် အမေရိကန်နဲ့ ကမ္ဘောဒီးယားနိုင်ငံကြား တင်းမာမှုတွေရှိနေခဲ့ပြီး အမေရိကန်နိုင်ငံဟာ ပြည်တွင်းရေးကို စွက်ဖက်နေတယ်တယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စွပ်စွဲထားပါတယ်။ အမေရိကန် သံရုံးကလည်း ကမ္ဘောဒီးယားနိုင်ငံအတွင်း အစိုးရတာဝန်ရှိသူတွေဟာ အမေရိကန်ဆန်ကျင့်ရေး အမြင်တွေ ရှိနေလို့ နိုင်ငံသားတွေအနေနဲ့ သတိထားသွားလာဖို့ သတိပေးထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ အမေရိကန်လုပ်အားပေးသမား ၇၀ ကျော်ရှိနေပါတယ်။ အမေရိကန် နိုင်ငံကတော့ ကမ္ဘောဒီးယားရဲ့ တောင်းဆိုချက်ကို တစ်စုံတရာ တုံ့ပြန်တာ မရှိသေးပါဘူး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ ဗီယက်နမ်စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေ ရှာဖွေဖို့ အစီစဉ်ကိုလည်း ဆိုင်းငံ့ထားပါတယ်။

adv_banner