?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၀ါရှင်တန် အထက်တန်းကျောင်းမှာ အနိုင်ကျင့်သူကျောင်းသားကို သေနတ်နဲ့ ပတ်ခတ်

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့ရှိ အထက်တန်းကျောင်းတစ်ခုမှာ မနေ့ စက်တင်ဘာ ၁၄ ရက်နေ့က ဆယ်ကျော်သက် ကျောင်းသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ပစ်ခတ်သူ ကျောင်းသားကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ပစ်ခတ်သူဟာ အသက် ၁၅ နှစ်အရွယ်ရှိ ကယ်လ်လက် ရှာပီ ဆိုသူဖြစ်ပြီး သူ့ကိုအနိုင်ကျင့်မှုကြောင့် သူ့အဖေ ဆောင်ထားတဲ့ သေနတ်၂ လက်ကိုယူကာ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် အပစ်ခံရသူ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရှိသွားလို့ ဆေးရုံကို ပို့ဆောင်ပေးထားရပါတယ်။ ရှာပီဟာ သူသတ်ခဲ့တာလို့ ကျောင်းတာဝန်ရှိသူတွေကို ဝန်ခံခဲ့ပါတယ်။

adv_banner