ဖိလစ္ပိုင္ႏုိင္ငံအတြင္း စစ္အုပ္ခ်ဳပ္ေရး ေၾကညာဖြယ္ရွိ

ကြန္ျမဴနစ္ေတြနဲ႔ အျခား လက္ဝဲအင္အားစုေတြက သမၼတ ႐ိုဒရီဂို ဒူတာေတးရဲ႕ အုပ္ခ်ဳပ္မႈကို ဆန္က်င္တဲ့ၿခိမ္းေျခာက္မႈေတြ လုပ္ေနမယ္ဆုိရင္ သမၼတ ဒူတားေတးက လာမယ့္သီတင္းပတ္ထဲ ႏုိင္ငံတဝန္း စစ္အုပ္ေရး ေၾကညာဖြယ္ရွိေနတယ္လို႔ ဖိလစ္ပိုင္                           ကာကြယ္ေရးဝန္ႀကီး ဒီဖင္ လိုရမ္ဇာနာက ေျပာပါတယ္။

လက္ဝဲအင္အားစုေတြဟာ ဆိုးရြားတဲ့ ဆႏၵျပမႈေတြအျပင္ လမ္းေတြမွာ မီးရွိဳ႕မႈေတြ လုပ္ေဆာင္တယ္လို႔ ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ ဆႏၵျပပြဲေတြ စီစဥ္ေနသူေတြဟာ ဆႏၵျပမႈေတြကို ပိုမုိႀကီးမားေအာင္ လုပ္ေဆာင္ေနတာေၾကာင့္ သမၼတဟာ စိုးရိမ္မႈေတြ ရွိေနတယ္လို႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။  

ဖိလစ္ပိုင္ အာဏာရွင္ေဟာင္း ဖာဒီနန္ မားကိုစ့္ စစ္အုပ္ခ်ဳပ္ေရး သတ္မွတ္ခဲ့တဲ့ ၄၅ ႏွစ္ေျမာက္ေန႔အျဖစ္ စက္တင္ဘာ ၂၁ ရက္ေန႔မွာ လက္ဝဲအင္အားစုေတြက ဦးေဆာင္ၿပီး ႏုိင္ငံတဝွမ္း ႀကီးမားတဲ့ ဆႏၵျပမႈေတြျဖစ္ေပၚဖုိ႔ စီစဥ္ထားပါတယ္။

ဒါ့အျပင္ ဖိလစ္ပိုင္ သမၼတ ဒူတာေတးရဲ႕ မူးယစ္ေဆးဝါး စစ္ပြဲကို ဆန္က်င့္တဲ့ ဆႏၵျပမႈေတြလည္း ႏုိင္ငံတဝွမ္းမွာ လုပ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္။ ဆႏၵျပပြဲ စီစဥ္သူေတြက ဖိလစ္ပိုင္ႏုိင္ငံအတြင္း ျပည္သူေတြကို သတ္တာရပ္တန္ဖို႔နဲ႔ အာဏာရွင္ စနစ္ ထပ္မံမေပၚေပါက္ေရး   ေတာင္းဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိ

ကွန်မြူနစ်တွေနဲ့ အခြား လက်ဝဲအင်အားစုတွေက သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ အုပ်ချုပ်မှုကို ဆန်ကျင်တဲ့ခြိမ်းခြောက်မှုတွေ လုပ်နေမယ်ဆိုရင် သမ္မတ ဒူတားတေးက လာမယ့်သီတင်းပတ်ထဲ နိုင်ငံတဝန်း စစ်အုပ်ရေး ကြေညာဖွယ်ရှိနေတယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒီဖင် လိုရမ်ဇာနာက ပြောပါတယ်။

လက်ဝဲအင်အားစုတွေဟာ ဆိုးရွားတဲ့ ဆန္ဒပြမှုတွေအပြင် လမ်းတွေမှာ မီးရှို့မှုတွေ လုပ်ဆောင်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဆန္ဒပြပွဲတွေ စီစဉ်နေသူတွေဟာ ဆန္ဒပြမှုတွေကို ပိုမိုကြီးမားအောင် လုပ်ဆောင်နေတာကြောင့် သမ္မတဟာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန် မားကိုစ့် စစ်အုပ်ချုပ်ရေး သတ်မှတ်ခဲ့တဲ့ ၄၅ နှစ်မြောက်နေ့အဖြစ် စက်တင်ဘာ ၂၁ ရက်နေ့မှာ လက်ဝဲအင်အားစုတွေက ဦးဆောင်ပြီး နိုင်ငံတဝှမ်း ကြီးမားတဲ့ ဆန္ဒပြမှုတွေဖြစ်ပေါ်ဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကို ဆန်ကျင့်တဲ့ ဆန္ဒပြမှုတွေလည်း နိုင်ငံတဝှမ်းမှာ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဆန္ဒပြပွဲ စီစဉ်သူတွေက ဖိလစ်ပိုင်နိုင်ငံအတွင်း ပြည်သူတွေကို သတ်တာရပ်တန်ဖို့နဲ့ အာဏာရှင် စနစ် ထပ်မံမပေါ်ပေါက်ရေး တောင်းဆိုထားပါတယ်။

adv_banner