>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အီရန်ကို အမေရိကန် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံချမှတ်
အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက် အီရန်နိုင်ငံကိုလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် ဘဏ်တွေကို ဆိုက်ဘာ တိုက်ခိ်ုက်မှုတွေလုပ်မှုအပြင် အီရန် အစိုးရတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးကို ပိတ်ဆို့မှုအသစ် ချမှတ်ခဲ့တာပါ။ အီရန်နိုင်ငံဟာ ဒုံးကျည် အစီစဉ်တွေ ပြုလုပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံက အရှေ့အလယ်ပိုင်း မတည်ငြိမ်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြီးနောက် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံဟာ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ်က သဘောတူညီမှုတွေ ရခဲ့ပေမယ့် ဒုံးကျည်အစီစဉ်တွေ လုပ်ဆောင်နေပါတယ်။ ပိတ်ဆို့မှုခံရတဲ့ ကုမ္ပဏီတွေထဲမှာ ဘဏ်တစ်ခု၊ အင်ဂျင်နီယာ ကုမ္ပဏီတစ်ခု၊ အိုင်တီ ကုမ္ပဏီတွေနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေ ပါဝင်ခဲ့တယ်လို့ သတင်းတွေကဖော်ပြပါတယ်။
adv_banner