?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို တိုက်ရိုက်အရေးယူဖို့ ရုရှားနဲ့ တရုတ်ကို တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က တရုတ်နဲ့ရုရှားနိုင်ငံတို့ အနေဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် တိုက်ရိုက် အရေးယူဆောင်ရွက်မှု လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည် စမ်းသပ်ပြီးနောက် အမေရိကန် နိုင်ငံက အခုလို တောင်းဆိုလိုက်တာပါ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက တရုတ်နဲ့ ရုရှားနိုင်ငံတို့ ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်နေတဲ့ ဒုံးကျည် အစီစဉ်ကို သည်းခံမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံကို ရေနံတွေ ထောက်ပံ့ပေးနေသလို ရုရှားနိုင်ငံဟာလည်း မြောက်ကိုရီးယားနိုင်ငံတွေကို အလုအကိုင်ပေးနေတယ်လို့ ဝန်ကြီး တီလာဆန်က ပြောပါတယ်။ ဒုံးကျည်နဲ့ နျူကလီယား အစီစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ အရာတွေကို တင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်စေလိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

adv_banner