?bph6

Place your ads here!

ဘရာဇီးသမ္မတကို ရာဇဝတ်မှုတွေနဲ့ ထပ်မံစွဲချက်တင်



အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ရိုဒရီဂို ဂျာနော့က သမ္မတ တီမာဟာ ရာဇာဝတ်မှု ကျုးလွန်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူဟာ  PMDB ပါတီက အကြီးတန်း ခေါင်းဆောင်တွေနဲ့အတူ ရာဇာဝတ်ကျူးလွန်တဲ့အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘရာဇီးသမ္မတကို ရာဇာဝတ်မှုတွေနဲ့ ထပ်မံစွဲချက်တင်

ဘရာဇီးအကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ဟာ ဘရာဇီး သမ္မတကို တရားမျှတမှု ပိတ်ဆို့ခြင်းအပြင် အကျင့်ပျက်ခြစားမှုတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။

အဲဒီအဖွဲ့က ဘရာဇီး သမ္မတဟာ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ လာဘ်ငွေရယူမှုတွေရှိခဲ့လို့ စွပ်စွဲထားပေမယ့် သမ္မတ တီမာကတော့ စွပ်စွဲမှုကို ငြင်းဆိုထားပါတယ်။ ဘရာဇီးသမ္မတကို အကျင့်ပျက်လာဘ်စားမှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ သင့်၊ မသင့်ဆိုတဲ့အချက်ကို ဘရာဇီးလွှတ်တော်က ပိတ်ပင်ခဲ့ပါတယ်။

အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ရိုဒရီဂို ဂျာနော့က သမ္မတ တီမာဟာ ရာဇာဝတ်မှု ကျုးလွန်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သူဟာ pMdb ပါတီက အကြီးတန်း ခေါင်းဆောင်တွေနဲ့အတူ ရာဇာဝတ်ကျူးလွန်တဲ့အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။

ဘရာဇီး သမ္မတ ဦးဆောင်တဲ့ ရာဇာဝတ်ကျူးလွန်တဲ့အဖွဲ့ဟာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ လာဘ်စားမှုတွေရှိခဲ့ပြီး ဘရာဇီးသမ္မတ နဲ့အတူ သူပါတီက အကြီးတန်းအရာရှိ ၆ ဦး လာဘ်စားမှုတွေ လုပ်ခဲ့တယ်လို့ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်က စွပ်စွဲထားပါတယ်။

adv_banner