?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပရိသတ်တွေကြောင့် ကိုလုန်းနဲ့ ပွဲကို ဖျက်သိမ်းမယ်လို့ နည်းပြ ဝင်းဂါး တွေးထင်ခဲ့

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကိုလုန်းနဲ့ ကစားတဲ့ ယူရိုပါလိဂ် ပွဲစဉ်ကို ဖျက်သိမ်းမယ်လို့ တွေးထင်ခဲ့ပြီး ပွဲကစားချိန် နောက်ကျရမှုအပေါ် အံအားသင့်စေခဲ့တယ်လို့ ပြောပါတယ်။

ပရိသတ်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ရလို့ အာဆင်နယ်နဲ့ ကိုလုန်းတို့ ပွဲစဉ်ကို သတ်မှတ်ချိန်ထက် နောက်ကျကျင်းပခဲ့ရပါတယ်။ ဂျာမနီကလပ်ကိုလုန်းဟာ လက်မှတ်ခွဲတမ်း ၃ ထောင်နီးပါးသာ ရခဲ့ပေမယ့် ပွဲကို ပရိသတ် ၂ သောင်းနီးပါး လာရောက်ခဲ့ပါတယ်။

ကွင်းပတ်ဝန်းကျင်က ပရိတ်တွေကို တွေ့မြင့်ရချိန်မှာ ပွဲကစားဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ ပွဲကစားနိုင်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီး ကိုလုန်းပရိတ်တွေက ပွဲကြည့်နိုင်ဖို့ ကြိုးပမ်းခဲ့သလို ဆူမှုအကြမ်းဖက်မှေုတွ ရှိခဲ့တာကြောင့် ကိုလုန်းပရိသတ် ၅ ဦးကို ဖမ်းဆီးခဲ့ရတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

adv_banner