အီရတ္မွာ အေသခံဗံုးခြဲ တိုက္ခိုက္မႈ လူေပါင္း ၆၀ ေသ၊ ၁၀၀ ေက်ာ္ဒဏ္ရာရ

အီရတ္ႏိုင္ငံေတာင္ပိုင္းမွာ မေန႔ စက္တင္ဘာ ၁၄  ရက္ေန႔က အေသဆံုးဗံုးခြဲ တိုက္ခုိက္ခဲ့သူ ၃ ဦးေၾကာင့္ အနည္းဆံုး လူေပါင္း ၆၀ နီးပါး ေသဆံုးခဲ့ကာ ၁၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိသြားခဲ့ပါတယ္။

အဲ့ဒီတိုက္ခုိက္မႈဟာ IS အၾကမ္းဖက္ တိုက္ခုိက္သူေတြရဲ႔ လက္ခ်က္ျဖစ္ၿပီး ပထမဗံုးခြဲ တုိက္ခုိက္သူဟာ စားေသာက္ဆိုင္အတြင္း ေဖာက္ခဲြတိုက္ခုိက္ခဲ့တာပါ။ တုိက္ခုိက္မႈေတြကို နက္စီရီယာၿမိဳ႕ရဲ႕ အေ၀းေျပးလမ္းမ ေနရာမွာရွိတဲ့  စားေသာက္ဆုိင္ ၂ ဆုိင္နဲ႔ ရဲတပ္ဖြဲ႔၀င္ေတြရွိတဲ့ စစ္ေဆးေရးဂိတ္ ေနရာတစ္ခုကုိ ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့ဒီလို တိုက္ခိုက္မႈေတြဟာ ကားဗံုးေဖာက္ခြဲမႈေတြအျပင္ အေသခံဗံုးခြဲတိုက္ခိုက္မႈေတြပါ ပါ၀င္ၿပီး ေသဆံုးခဲ့သူေတြထဲမွာ ရဲအရာရွိေတြလည္း ပါ၀င္ခဲ႔ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှု လူပေါင်း ၆၀ သေ၊ ၁၀ဝ ကျော်ဒဏ်ရာရ

အီရတ်နိုင်ငံတောင်ပိုင်းမှာ မနေ့ စက်တင်ဘာ ၁၄ ရက်နေ့က အသေဆုံးဗုံးခွဲ တိုက်ခိုက်ခဲ့သူ ၃ ဦးကြောင့် အနည်းဆုံး လူပေါင်း ၆၀ နီးပါး သေဆုံးခဲ့ကာ ၁၀ဝ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ IS အကြမ်းဖက် တိုက်ခိုက်သူတွေရဲ့ လက်ချက်ဖြစ်ပြီး ပထမဗုံးခွဲ တိုက်ခိုက်သူဟာ စားသောက်ဆိုင်အတွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုတွေကို နက်စီရီယာမြို့ရဲ့ အဝေးပြေးလမ်းမ နေရာမှာရှိတဲ့ စားသောက်ဆိုင် ၂ ဆိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိတဲ့ စစ်ဆေးရေးဂိတ် နေရာတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုတွေဟာ ကားဗုံးဖောက်ခွဲမှုတွေအပြင် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေပါ ပါဝင်ပြီး သေဆုံးခဲ့သူတွေထဲမှာ ရဲအရာရှိတွေလည်း ပါဝင်ခဲ့ပါတယ်။

adv_banner