?bph6

Place your ads here!


 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယား ဆက်ဆံရေး ရှိလာမလား

နျူကလီးယား လက်နက်တွေ စမ်းသပ်နေတဲ့ မြောက်ကိုရီးယားနဲ့ နျူကလီးယား နည်းပညာတွေ တိုးတက် လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံထားရတဲ့ အီရန်တို့ရဲ့ ဆက်ဆံရေး ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြနေကြပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ စောင့်ကြည့်တာ၊ ဖော်ထုတ်တာတွေ၊ ဖိအားပေးတာတွေ လုပ်နေပေမယ့် တီဟီရန်ဟာ အနာဂတ်မှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ နည်းပညာနဲ့ အတတ်ပညာတွေ ပြုံယမ်းဆီက ဝယ်လိမ့်မယ်လို့ ဥပဒေပြုအမတ်တွေ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေက သဘောတရားအရ ထောက်ပြနေကြပါတယ်။

ဒီ အနုတ်သဘောဆောင် ခန့်မှန်းချက်ဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား တင်းမာမှုတွေကို မြင့်တက်စေပါတယ်။ ပြုံယမ်းအစိုးရဟာ နျူကလီးယား စမ်းသပ်မှုကို ၆ ကြိမ်အထိ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

adv_banner