ဂ်ပန္ေပၚ ေက်ာ္ၿပီး ဒုတိယ ဒံုးက်ည္ ေျမာက္ကိုရီးယား ပစ္ခတ္စမ္းသပ္

ကုလသမဂၢက ပိုမိုျပင္းထန္တဲ့ ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ၿပီး မၾကာခင္မွာပဲ ေျမာက္ကိုရီးယားက ဂ်ပန္ႏိုင္ငံေပၚ ေက်ာ္ျဖတ္ၿပီး ဒုတိယ ဒံုးက်ည္ ပစ္ခတ္စမ္းသပ္မႈကို ဒီေန႔ စက္တင္ဘာ ၁၅ ရက္ေန႔ မနက္ ၆ နာရီ ၅၇ မိနစ္မွာ လုပ္ေဆာင္လိုက္ပါတယ္။

ဂ်ပန္က အဲဒီဒံုးက်ည္ကို ၾကားက ျဖတ္ၿပီး ပစ္ခ်တာမ်ိဳးေတာ့ မလုပ္ခဲ့ပါဘူး။ ဒံုးက်ည္ဟာ ေဟာ့ကိုင္းဒိုး ကြ်န္းေျမာက္ပိုင္းေပၚကို ေက်ာ္ၿပီး   မိုင္ ၁၂၀၀ အေဝးမွာ ပစိဖိတ္သမုဒၵရာထဲကို က်သြားတယ္လို႔ ဂ်ပန္အစိုးရ ေျပာခြင့္ရသူက ေျပာပါတယ္။

အခု ပစ္ခတ္စမ္းသပ္လိုက္တဲ့ ဒံုးက်ည္ဟာ တာလတ္ပစ္ ပဲ့ထိန္းဒံုးက်ည္ျဖစ္တယ္လို႔ အေမရိကန္ ပစိဖိတ္ ကြပ္ကဲေရး စစ္ဌာနခ်ဳပ္က    ထုတ္ျပန္ပါတယ္။

အခု ၿပံဳယမ္းက ပစ္လႊတ္တဲ့ ဒံုးက်ည္ဟာ ကီလိုမီတာ ၃၇၀၀ အထိ ေရာက္ရွိၿပီး သမုဒၵရာအထက္ အျမင့္ ၇၇ဝ ကီလိုမီတာကို ေရာက္ရွိပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၉ ရက္ေန႔မွာ ဒံုးက်ည္ပစ္ခတ္စမ္းသပ္စဥ္တုန္းက ကီလိုမီတာ ၂၇၀၀ အထိ ေရာက္ရွိၿပီး သမုဒၵရာအထက္  အျမင့္ ၅၅၀ ေရာက္ရွိခဲ့ပါတယ္။

ေျမာက္ကိုရီးယားက ပစ္ခတ္မယ္လို႔ ၿခိမ္းေျခာက္ထားတဲ့ အေမရိကန္ပိုင္ ဂူအမ္ကြ်န္းကို ေရာက္ရွိဖို႔က ကီလိုမီတာ ၃၄၀၀ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်ပေါ် ကျော်ပြီး ဒုတိယ ဒုံးကျည် မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်

ကုလသမဂ္ဂက ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက ဂျပန်နိုင်ငံပေါ် ကျော်ဖြတ်ပြီး ဒုတိယ ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုကို ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၆ နာရီ ၅၇ မိနစ်မှာ လုပ်ဆောင်လိုက်ပါတယ်။

ဂျပန်က အဲဒီဒုံးကျည်ကို ကြားက ဖြတ်ပြီး ပစ်ချတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ ဒုံးကျည်ဟာ ဟော့ကိုင်းဒိုး ကျွန်းမြောက်ပိုင်းပေါ်ကို ကျော်ပြီး မိုင် ၁၂၀ဝ အဝေးမှာ ပစိဖိတ်သမုဒ္ဒရာထဲကို ကျသွားတယ်လို့ ဂျပန်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

အခု ပစ်ခတ်စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ် ကွပ်ကဲရေး စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အခု ပြုံယမ်းက ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ ကီလိုမီတာ ၃၇၀ဝ အထိ ရောက်ရှိပြီး သမုဒ္ဒရာအထက် အမြင့် ၇၇ဝ ကီလိုမီတာကို ရောက်ရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ ဒုံးကျည်ပစ်ခတ်စမ်းသပ်စဉ်တုန်းက ကီလိုမီတာ ၂၇၀ဝ အထိ ရောက်ရှိပြီး သမုဒ္ဒရာအထက် အမြင့် ၅၅၀ ရောက်ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားက ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ရောက်ရှိဖို့က ကီလိုမီတာ ၃၄၀ဝ ဖြစ်ပါတယ်။

adv_banner