ေလဒီဂါဂါ ၾကြက္သားနာက်င္မႈ ေရာဂါေၾကာင့္ ေဆး႐ံုတက္ရ

ျပင္းထန္တဲ့ ၾကြက္သားနာက်င္မႈ ေရာဂါေၾကာင့္ ေဆး႐ံုတက္ရတဲ့အတြက္ ဘရာဇီးႏိုင္ငံမွာ က်င္းပမယ့္ ေဖ်ာ္ေျဖပြဲကို ေလဒီဂါဂါ ဖ်က္သိမ္းလိုက္ရပါတယ္။

ဖစ္ဘ႐ိုမိုင္ယယ္ဂီယာ (Fibromyalgia) လို႔ ေခၚတဲ့ ျပင္းထန္ ၾကြက္သားနာက်င္မႈ ေရာဂါကို ခံစားေနရတာ ရက္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ စက္တင္ဘာ ၁၅ ရက္ေန႔ ရီယိုဒီ ဂ်နဲ႐ိုးမွာ က်င္းပမယ့္ ေဖ်ာ္ေျဖပြဲကို ဖ်က္သိမ္းေၾကာင္း သူ႔ရဲ႕ အင္စတာဂရမ္ကေန ေဖာ္ျပလိုက္တာ ျဖစ္ပါတယ္။

ေဖ်ာ္ေျဖပြဲကို ထိခိုက္ေစေလာက္တဲ့ ျပင္းထန္ ၾကြက္သားနာက်င္မႈကို ေလဒီဂါဂါ ခံစားေနရတယ္လို႔လည္း ထုတ္ျပန္ခ်က္တစ္ခု ထုတ္ျပန္ထားပါတယ္။

အင္စတာဂရမ္မွာ ေလဒီဂါဂါက ေဆးသြင္းေနရတဲ့ ပံုေတြ တင္ထားၿပီး ‘ဘရာဇီးေရ၊ ရီယိုမွာ ေရာ့ခ္ ေဖ်ာ္ေျဖဖို႔ မတတ္ႏိုင္ေလာက္ေအာင္ နာမက်န္း ျဖစ္ေနတယ္’ လို႔ ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လေဒီဂါဂါ ကြွက်သားနာကျင်မှု ရောဂါကြောင့် ဆေးရုံတက်ရ

ပြင်းထန်တဲ့ ကြွက်သားနာကျင်မှု ရောဂါကြောင့် ဆေးရုံတက်ရတဲ့အတွက် ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲကို လေဒီဂါဂါ ဖျက်သိမ်းလိုက်ရပါတယ်။

ဖစ်ဘရိုမိုင်ယယ်ဂီယာ (Fibromyalgia) လို့ ခေါ်တဲ့ ပြင်းထန် ကြွက်သားနာကျင်မှု ရောဂါကို ခံစားနေရတာ ရက်ပေါင်းများစွာ ကြာပြီးနောက် စက်တင်ဘာ ၁၅ ရက်နေ့ ရီယိုဒီ ဂျနဲရိုးမှာ ကျင်းပမယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းကြောင်း သူ့ရဲ့ အင်စတာဂရမ်ကနေ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို ထိခိုက်စေလောက်တဲ့ ပြင်းထန် ကြွက်သားနာကျင်မှုကို လေဒီဂါဂါ ခံစားနေရတယ်လို့လည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။

အင်စတာဂရမ်မှာ လေဒီဂါဂါက ဆေးသွင်းနေရတဲ့ ပုံတွေ တင်ထားပြီး ‘ဘရာဇီးရေ၊ ရီယိုမှာ ရော့ခ် ဖျော်ဖြေဖို့ မတတ်နိုင်လောက်အောင် နာမကျန်း ဖြစ်နေတယ်’ လို့ ရေးသားထားပါတယ်။

adv_banner