?bph6

Place your ads here!

ဂ်ပန္ အကူညီနဲ႔ အိႏၵိယမွာ ပထမဆံုး က်ည္ဆံရထား စီမံကိန္း စတင္

အိႏၵိယႏုိင္ငံက ဂ်ပန္ႏုိင္ငံ အကူညီနဲ႔  ႏုိင္ငံအတြင္း ပထမဆံုး က်ည္ဆံရထားေျပးဆြဲႏုိင္ဖုိ႔ စီစဥ္ေနပါတယ္။

အိႏၵိယႏုိင္ငံမွာ လူေပါင္း ၂၂ သန္းဟာ ေန႔စဥ္ မီးရထားကို အသံုးျပဳကာ သြားလာေနၿပီး မီးရထား သယ္ယူပို႔ေဆာင္ေရးစနစ္ ေကာင္းမြန္ဖုိ႔ ဝန္ႀကီးခ်ဳပ္မုိဒီက စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ က်ည္ဆံရထားကို ဂူဂ်ာရက္ျပည္နယ္ အာမီဒါဘတ္ၿမိဳ႕ နဲ႔ မြန္ဘိုင္းၿမိဳ႕ကို ဆက္သြယ္ေျပးဆြဲသြားမွာျဖစ္ပါတယ္။

က်ည္ဆံ ရထားဟာ တစ္နာရီ ကို ၃၅၀ ကီလုိမီတာအထိ ျမန္ႏႈန္းျမင့္ ေမာင္းႏွင္ႏုိင္မွာျဖစ္ၿပီး ခရီးသည္ ၇၅၀ ဦး တင္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။  ၿမိဳ႕ႏွစ္ၿမိဳ႕ၾကား အရင္က မီးရထား နဲ႔ခရီးသြားမႈ ၈ နာရီၾကာျမင့္မႈကုိ က်ည္ဆံရထားနဲ႔ ခရီးသြားပါက အခ်ိန္ ၃ နာရီခြဲသာ ၾကာျမင့္မွာျဖစ္ပါတယ္။  

မီးရထားလမ္းတည္ေဆာက္မႈ ၂၀၂၂ ခုႏွစ္မွာ ၿပီးဆံုးမယ္လုိ႔ ခန္႔မွန္းထားၿပီး အေမရိကန္ေဒၚလာ ၁၆ ဒသမ ၉ ဘီလီယံကုန္က်မယ့္ အိႏၵိယ ႏိုင္ငံရဲ႕က်ည္ဆံရထား စီမံကိန္းရဲ႕ ၈၁ ရာခုိင္ႏႈန္းကို ဂ်ပန္ႏုိင္ငံက ကူညီေပးမွာျဖစ္ၿပီး  ဂ်ပန္ႏုိင္ငံဟာ က်ည္ဆံရထား စီမံကိန္းအတြက္ တစ္ႏွစ္ကို အတုိးႏႈန္း  ၀ ဒသမ ၁ ရာခုိင္ႏႈန္းနဲ႔ ေငြေၾကးေခ်းေပးသြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန် အကူညီနဲ့ အိန္ဒိယမှာ ပထမဆုံး ကျည်ဆံရထား စီမံကိန်း စတင်

အိန္ဒိယနိုင်ငံက ဂျပန်နိုင်ငံ အကူညီနဲ့ နိုင်ငံအတွင်း ပထမဆုံး ကျည်ဆံရထားပြေးဆွဲနိုင်ဖို့ စီစဉ်နေပါတယ်။

အိန္ဒိယနိုင်ငံမှာ လူပေါင်း ၂၂ သန်းဟာ နေ့စဉ် မီးရထားကို အသုံးပြုကာ သွားလာနေပြီး မီးရထား သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ဖို့ ဝန်ကြီးချုပ်မိုဒီက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ကျည်ဆံရထားကို ဂူဂျာရက်ပြည်နယ် အာမီဒါဘတ်မြို့ နဲ့ မွန်ဘိုင်းမြို့ကို ဆက်သွယ်ပြေးဆွဲသွားမှာဖြစ်ပါတယ်။

ကျည်ဆံ ရထားဟာ တစ်နာရီ ကို ၃၅၀ ကီလိုမီတာအထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှာဖြစ်ပြီး ခရီးသည် ၇၅၀ ဦး တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မြို့နှစ်မြို့ကြား အရင်က မီးရထား နဲ့ခရီးသွားမှု ၈ နာရီကြာမြင့်မှုကို ကျည်ဆံရထားနဲ့ ခရီးသွားပါက အချိန် ၃ နာရီခွဲသာ ကြာမြင့်မှာဖြစ်ပါတယ်။

မီးရထားလမ်းတည်ဆောက်မှု ၂၀၂၂ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းထားပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံကုန်ကျမယ့် အိန္ဒိယ နိုင်ငံရဲ့ကျည်ဆံရထား စီမံကိန်းရဲ့ ၈၁ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံက ကူညီပေးမှာဖြစ်ပြီး ဂျပန်နိုင်ငံဟာ ကျည်ဆံရထား စီမံကိန်းအတွက် တစ်နှစ်ကို အတိုးနှုန်း ဝ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ငွေကြေးချေးပေးသွားမှာ ဖြစ်ပါတယ်။

adv_banner