?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Star Wars ရုပ်ရှင်ကားထဲက စက်ရုပ်ကြီးအတိုင်း နေအိမ်အရှေ့မှာ တည်ဆောက်

အင်္ဂလန်နိုင်ငံ အလယ်ပိုင်းက အမျိုးသားတစ်ဦးဟာ Star Wars ရုပ်ရှင်ဇာတ်လမ်းထဲလို စက်ရုပ်ကြီးတစ်ခုကို သူ့ရဲ့ နေအိမ်အရှေ့မှာ တည်ဆောက်ခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာ တိုက်ခိုက်ရေး အတွက်သုံးတဲ့ AT-AT အမျိုးအစား စက်ရုပ်တစ်မျိုးကို တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအရုပ်ကြီးဟာ ပေ ၂၀ နီးပါးရှိပါတယ်။ နော်သမ်ပတန်ရှိုင်းယားက ကျေးရွာမှာ နေထိုင်သူ အသက် ၅၄ နှစ်အရွယ် အီယန် မော့ကက် ဆိုသူ အမျိုးသားက တည်ဆောက်ခဲ့တာပါ ။
သူဟာ အဒီအရုပ်ကြီးကို သူ့တို့ ကျေးရွာမှာ ပြုလုပ်မဲ့ ပွဲတော်တစ်ခုအတွက် အဓိကအားဖြင့် သစ်သားတွေနဲ့ ၁ လကြာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီအရုပ်ကြီးရဲ့ ခေါင်းကို လှုပ်ရှားလို့ရအောင် ဖန်တီးပြုလုပ်ထားပါတယ်။

adv_banner