?bph6

Place your ads here!

မာေနးရဲ႕သံုးပြဲပယ္ ျပစ္ဒဏ္ အယူခံကို ပယ္ခ်

အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ (အက္ဖ္ေအ) ဟာ လီဗာပူအသင္းေတာင္ပံ တုိက္စစ္မႈး မာေနးရဲ႕ အယူခံကို ပယ္ခ်လိုက္တာေၾကာင့္ မာေနးဟာ သံုးပြဲပယ္ျပစ္ဒဏ္ကို က်ခံရမွာျဖစ္ပါတယ္။

မာေနးဟာ မန္စီးတီးနဲ႔ ကစားတဲ့ပြဲစဥ္မွာ ကစားပံုၾကမ္းတမ္းခဲ့လို႔ တိုက္ရိုက္အနီကဒ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။ လီဗာပူအသင္းက မာေနးရဲ႕ ျပစ္ဒဏ္ကိုေလွ်ာ့ႏိုင္ဖုိ႔ အယူ ခံဝင္ခဲ့ေပမယ့္ အဂၤလန္ ေဘာလံုးအဖြဲ႔ခ်ဳပ္က ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္က မာေနးရဲ႕ အယူခံကို ၾကားနားၿပီးခ်ိန္မွာ ပယ္ခ်ဖုိ႔ ဆံုးျဖတ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ မန္စီးတီးဂိုးသမားဟာ မာေနးနဲ႔ထိခိုက္ခဲ့မိလို႔   ၈  မိနစ္ၾကာ ျပဳစုကုသမႈေတြ လုပ္ခဲ့ရပါတယ္။  မာေနးဟာ လီဗာပူအသင္းအတြက္ ေျခစြမ္းျပကစားလ်က္ရွိေနရာ သူ႔ရဲ႕ ပြဲပယ္ခံရမႈမွာ လီဗာပူအသင္းအတြက္ ထိုးႏွက္ခ်က္ေတြျဖစ္လာခဲ့တယ္လို႔ သံုးသပ္မႈေတြရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မာနေးရဲ့သုံးပွဲပယ် ပြစ်ဒဏ် အယူခံကို ပယ်ချ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဟာ လီဗာပူအသင်းတောင်ပံ တိုက်စစ်မှုး မာနေးရဲ့ အယူခံကို ပယ်ချလိုက်တာကြောင့် မာနေးဟာ သုံးပွဲပယ်ပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပါတယ်။

မာနေးဟာ မန်စီးတီးနဲ့ ကစားတဲ့ပွဲစဉ်မှာ ကစားပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ လီဗာပူအသင်းက မာနေးရဲ့ ပြစ်ဒဏ်ကိုလျှော့နိုင်ဖို့ အယူ ခံဝင်ခဲ့ပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မာနေးရဲ့ အယူခံကို ကြားနားပြီးချိန်မှာ ပယ်ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မန်စီးတီးဂိုးသမားဟာ မာနေးနဲ့ထိခိုက်ခဲ့မိလို့ ၈ မိနစ်ကြာ ပြုစုကုသမှုတွေ လုပ်ခဲ့ရပါတယ်။ မာနေးဟာ လီဗာပူအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိနေရာ သူ့ရဲ့ ပွဲပယ်ခံရမှုမှာ လီဗာပူအသင်းအတွက် ထိုးနှက်ချက်တွေဖြစ်လာခဲ့တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

adv_banner