iPhone X, iPhone 8 နဲ႔ iPhone 8 Plus ဘာေတြ ကြာသလဲ

Apple က iPhone အမ်ိဳးအစား အသစ္ေတြကို စတင္ မိတ္ဆက္လိုက္ပါတယ္။ အသစ္ထြက္လာတဲ့ အမ်ိဳးအစားေတြဟာ ဘယ္လို စြမ္းေဆာင္ရည္ ကြာျခားသလဲဆိုတာ ကြ်မ္းက်င္သူေတြက ေလ့လာၿပီး အႀကံေပးမႈေတြ ရွိပါတယ္။

iPhone X က ေတာက္ပၿပီး ကာလာစံုတဲ့ OLED မ်က္ႏွာျပင္၊ ေရွ႕ဘက္ ကင္မရာမ်ား၊ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ အားေကာင္းတဲ့ Apple ဒီဇိုင္း processor တို႔နဲဲ႔ ဖုန္းတစ္ခုလံုးကို ဒီဇိုင္းျပန္လုပ္ထားတာ ျဖစ္ပါတယ္။

ဖုန္းပိုင္ရွင္ရဲ႕ မ်က္ႏွာပံုရိပ္ဖမ္းစနစ္နဲ႔ လံုၿခံဳေရးစနစ္ လုပ္ထားပါတယ္။ စမတ္ဖုန္းေတြရဲ႕ စံျပလို႔ ဆိုရမယ့္ iPhone X ေရာင္းေစ်းဟာ အေမရိကန္ ေဒၚလာ ၁ ေထာင္က စပါတယ္။

iPhone 8 နဲ႔ iPhone 8 Plus ကလည္း Apple က အသစ္မိတ္ဆက္တဲ့ စမတ္ဖုန္းေတြ ျဖစ္ၿပီး iPhone X ေလာက္ေတာ့ ေစ်းမႀကီးပါဘူး။ ကင္မရာပိုင္းကို အဆင့္ပိုျမွင့္ထားၿပီး ဟာ့ဒ္ဝဲပိုင္း ပိုျမန္ေအာင္ လုပ္ထားကာ တာရွည္ခံ ဘက္ထရီနဲ႔ ဒီဇိုင္းျပန္လုပ္ထားပါတယ္။

ေမးစရာရွိတာက iPhone X, iPhone 8 နဲ႔ iPhone 8 Plus ဘာေတြ ထူးထူးျခားျခား ကြာသလဲဆိုတာ ျဖစ္ပါတယ္။ ေအာက္ပါဇယားမွာ ႏိႈင္းယွဥ္ခ်က္ကို ၾကည့္ႏိုင္ပါတယ္။

ကြ်မ္းက်င္သူတခ်ိဳ႕ကလည္း ကိုယ့္မွာ iPhone 7 ရွိေန iPhone 8 ကို မဝယ္သင့္ဘူးလို႔ အႀကံေပးၾကပါတယ္။ ဆိုလိုခ်င္တာက စြမ္းေဆာင္ရည္ ဘာမွ သိပ္မကြာျခားဘူးလို႔ ေျပာခ်င္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

iPhone X, iPhone 8 နဲ့ iPhone 8 Plus ဘာတွေ ကွာသလဲ

Apple က iPhone အမျိုးအစား အသစ်တွေကို စတင် မိတ်ဆက်လိုက်ပါတယ်။ အသစ်ထွက်လာတဲ့ အမျိုးအစားတွေဟာ ဘယ်လို စွမ်းဆောင်ရည် ကွာခြားသလဲဆိုတာ ကျွမ်းကျင်သူတွေက လေ့လာပြီး အကြံပေးမှုတွေ ရှိပါတယ်။

iPhone X က တောက်ပပြီး ကာလာစုံတဲ့ OKED မျက်နှာပြင်၊ ရှေ့ဘက် ကင်မရများ၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ အားကောင်းတဲ့ Apple ဒီဇိုင်း processor တို့နဲ့ ဖုန်းတစ်ခုလုံးကို ဒီဇိုင်းပြန်လုပ်ထားတာ ဖြစ်ပါတယ်။

ဖုန်းပိုင်ရှင်ရဲ့ မျက်နှာပုံရိပ်ဖမ်းစနစ်နဲ့ လုံခြုံရေးစနစ် လုပ်ထားပါတယ်။ စမတ်ဖုန်းတွေရဲ့ စံပြလို့ ဆိုရမယ့် iPhone X ရောင်းဈေးဟာ အမေရိကန် ဒေါ်လာ ၁ ထောင်က စပါတယ်။

iPhone 8 နဲ့ iPhone 8 Plus ကလည်း Apple က အသစ်မိတ်ဆက်တဲ့ စမတ်ဖုန်းတွေ ဖြစ်ပြီး iPhone X လောက်တော့ ဈေးမကြီးပါဘူး။ ကင်မရာပိုင်းကို အဆင့်ပိုမြှင့်ထားပြီး ဟာ့ဒ်ဝဲပိုင်း ပိုမြန်အောင် လုပ်ထားကာ တာရှည်ခံ ဘက်ထရီနဲ့ ဒီဇိုင်းပြန်လုပ်ထားပါတယ်။

မေးစရာရှိတာက iPhone X, iPhone 8 နဲ့ iPhone 8 Plus ဘာတွေ ထူးထူးခြားခြား ကွာသလဲဆိုတာ ဖြစ်ပါတယ်။ အောက်ပါဇယားမှာ နှိုင်းယှဉ်ချက်ကို ကြည့်နိုင်ပါတယ်။
ကျွမ်းကျင်သူတချို့ကလည်း ကိုယ့်မှာ iPhone 7 ရှိနေ iPhone 8 ကို မဝယ်သင့်ဘူးလို့ အကြံပေးကြပါတယ်။ ဆိုလိုချင်တာက စွမ်းဆောင်ရည် ဘာမှ သိပ်မကွာခြားဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။

adv_banner