?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မုန်တိုင်းဒဏ်ခံရသူတွေကို ဘီယွန်စေး ကူညီ

ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးတို့ မိသားစုက ဟာရီကိန်းမုန်တိုင်း ဟာဗေးဒဏ် ခံစားခဲ့ရတဲ့ ဒုက္ခသည်တွေကို ကူညီလှုဒါန်းခဲ့ပါတယ်။

ဘီယွန်စေးနဲ့ သမီးဖြစ်သူ ဘလူး အိုင်ဗီတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မုန်တိုင်းဒဏ်သင့် သူတွေအတွက် အချိန်ကုန်ခဲ့ရပေမယ့် သူတို့တွေဟာ ပျော်ရွှင်ကျေနပ်ခဲ့တယ်လို့ မီဒီယာတွေ က ဖော်ပြပါတယ်။

တက္ကဆက်ပြည်နယ် ဟူစတန်မြို့က မုန်တိုင်းဒဏ်ခံပြည်သူတွေကို အသားတွေ ပေးဝေခဲ့တာဖြစ်ပါတယ်။ ဘီယွန်စေးနဲ့ မိခင်ဖြစ်သူတို့ဟာ စိန့်ဂျွန် ဘုရားကျောင်းကို ရောက်ရှိခဲ့ပြီး နောက်တစ်ရက်မှာပဲ အသားလှူဒါန်းမှုတွေ လုပ်ခဲ့တာဖြစ်ပြီး လှူဒါန်းမှုပြုလုပ်ချိန်မှာ ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ အဆိုတော် ဘီယွန်စေးကသူ့ရဲ့ အင်စတာဂရမ်က တဆင့် ဖော်ပြခဲ့ပါတယ်။

adv_banner