?bph6

Place your ads here!





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်ယူအသင်း ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ အခွင့်ရေးရှိတယ်ဆိုတာ မော်ရင်ဟို ပယ်ချ

အခုရာသီမှာ ချန်ပီယံလိဂ် ဖလားရယူနိုင်ဖို့အခွင့်အလမ်း ရှိနေတဲ့ဆိုတဲ့ သတင်းတွေထွက်ပေါ်မှုကို မန်ယူနည်းပြ မော်ရင်ဟိုက ပယ်ချလိုက်ပါတယ်။

မန်ယူအသင်းဟာ အင်္ဂါနေ့ညပိုင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘေလ်ဆယ်နဲ့ ကစားရမှာဖြစ်ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက ချန်ပီယံလိဂ် ပြိုင်ပွဲချန်ပီယံဖြစ်ဖို့ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ အသင်းတွေက အခွင့်လမ်းရှိနေတာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ အုပ်စုဗိုလ်ဖြစ်ရေးကို အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

မန်ယူအသင်းနည်းပြက ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်နေတဲ့အသင်းအများစုဟာ ယူရိုပါလိဂ်ပြိုင်ပွဲတုန်းက အသင်းတွေနဲ့ အလားတူ ပုံစံမျိုးရှိပြီး တစ်ဆင့်ချင်းစီသာ ပစ်မှတ်ထား ကစားသွားမယ်လို့ ပြောပါတယ်။ ဘေလ်ဆယ်နဲ့ ကစားမယ့်ပွဲမှာ မန်ယူအသင်း ကွင်းလယ်လူ ဖယ်လိုင်နီ ဒဏ်ရာ ပြဿနာကြောင့် ပါဝင်နိုင်ဖွယ်မရှိပါဘူး၊

adv_banner