?bph6

Place your ads here!






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓာတ်ဆီနဲ့ ဒီဇယ်သုံးကားတွေ ထုတ်လုပ်မှု တရုတ် တားမြစ်တော့မယ်

ကမ္ဘာပေါ်မှာ အကြီးဆုံး ကားဈေးကွက်ကြီး တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မကြာတဲ့ အနာဂတ်မှာ ဆီသုံးကားတွေ ထုတ်လုပ်မှုနဲ့ ရောင်းချမှုကို ပိတ်ပင်ပြီး လျှပ်စစ်ကား ထုတ်လုပ်မှုကို အဓိကထားသွားဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

အန္တရာယ်ပေးတဲ့ လေထုညစ်ညမ်းမှုကို ဖြစ်စေလို့ ဓာတ်ဆီနဲ့ ဒီဇယ်သုံး ကားတွေ ရောင်းချမှုကို ၂၀၄၀ ပြည့်နှစ်မှာ တားမြစ်သွားမယ်လို့ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတို့က ကြေညာပြီးနောက် တရုတ်ကလည်း အခုလို စဉ်းစားလာတာ ဖြစ်ပါတယ်။

တရုတ် စက်မှုနှင့် သတင်းနည်းပညာ ဒုဝန်ကြီး ဇင် ဂိုဘင်က တီယန်ဂျင်းမြို့မှာ ကျင်းပတဲ့ ညီလာခံတစ်ခုအတွင်း တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်စပ်တဲ့ သုတေသနတွေကို စလုပ်နေပြီး အချိန်ဇယားထားရှိကာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မကြာတော့တဲ့ အနာဂတ်မှာ အကောင်းအထည်ဖော်ဖို့ မူဝါဒချမှတ်တော့မယ်လို့ ဆင်ဟွာသတင်းဌာနကို ဒုဝန်ကြီး ဇင်က ပြောကြားထားပါတယ်။

adv_banner