




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆင်နယ် အသင်း ချန်ပီယံဆု ရယူနိုင်စွမ်းရှိတယ်လို့ နည်းပြဝင်းဂါးပြော

အာဆင်နယ်နည်းပြ ဝင်းဂါးက အာဆင်နယ် အနေနဲ့ အပြောင်းရွှေကာလအတွင်း စိတ်ပျက်ဖွယ်ရာ ရှိခဲ့သလို ရာသီအစပိုင်းမှာလည်းမျှော်လင့်သလောက် ရလဒ်မကောင်းခဲ့ပေမယ့်အခုရာသီ ရဲ့ ပရီမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိတယ်လို့ ပြောလိုက်ပါတယ်။

နည်းပြဝင်းဂါးကလက်ရှိအချိန်မှာပရီးမီယားလိဂ် ၃ ပွဲသာကစားခဲ့ရပြီး အဲဒီသုံးပွဲအနက် ၂ ပွဲ ဟာအဝေးကွင်းဖြစ်တာကြောင့်ဆက်လက်ကစားရမယ့်ပွဲတွေအများကြီးရှိပြီး ရလဒ်ကောင်းတွေရယူသွားမယ်လို့ ပြောပါတယ်။

ဒါအပြင်ဝင်းဂါးက အချို့အသင်းတွေ မှာ ချန်ပီယံဆုအတွက်ရေးပန်းစားပေမယ့် ရာသီကုန်ဆုံးချိန်မှာ အာဆင်နယ်အသင်းလောက် ရပ်တည်နိုင်မှုမကောင်းခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် ဟာ ပြည်တွင်းအမှတ်ပေးပွဲမှာ ရမှတ် ၇၅ မှတ်နဲ့ အက်ဖ်အေဖလား ရယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာအဲဒီ အခြေနေ ထက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမယ်လို့ အာဆင်နယ် နည်းပြဝင်းဂါးကပြောပါတယ်။

adv_banner