မန္စီးတီးနဲ႔ပြဲကို ေကာ္တင္ဟို လြဲမယ္

လီဗာပူအသင္း ကြင္းလယ္လူ ေကာ္တင္ဟိုဟာ အေျပာင္းအေရႊ႕ ကာလ ေနာက္ဆံုးရက္အတြင္း ဘာစီလိုနာကို ေျပာင္းဖုိ႔ မေအာင္ျမင့္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ အသင္းနဲ႔အတူ ျပန္လည္ ေလ့က်င့္ခန္းေတြျပဳလုပ္ေနၿပီး စက္တင္ဘာ ၉ ရက္ေန႔မွာ ကစားမယ့္ မန္စီးတီးနဲ႔ပြဲကို ပါဝင္ႏုိင္ဖြယ္မရွိဘူးလို႔ ၿဗိတိန္ မီဒီယာေတြကေဖာ္ျပပါတယ္။  

ေကာ္တင္ဟိုဟာ ေက်ာဒဏ္ရာျပႆနာေၾကာင့္ မန္စီးတီးနဲ႔ ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ ေကာ္တင္ဟို ဟာ ၾသဂုတ္ ၁ ရက္ေန႔ က ဘုိင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္ ေနာက္ပိုင္းတည္းက အသင္းရဲ႕ ပြဲစဥ္ေတြကို ပါဝင္ႏိုင္မႈမရွိခဲ့ေပမယ့္ မိခင္ဘရာဇီးအသင္းရဲ႕ ပြဲစဥ္ေတြကို အဲဒီကာလအတြင္း ၂ ပြဲပါဝင္ကစားထားၿပီျဖစ္ပါတယ္။

လီဗာပူးနည္းျပ ကေလာ့ကေတာ့ ေကာ္တင္ဟိုဟာ ႀကံ့ခုိင္မႈ ျပႆနာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကုိ ပါဝင္ႏုိင္မႈမရွိတာလို႔ တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မန်စီးတီးနဲ့ပွဲကို ကော်တင်ဟို လွဲမယ်

လီဗာပူအသင်း ကွင်းလယ်လူ ကော်တင်ဟိုဟာ အပြောင်းအရွှေ့ ကာလ နောက်ဆုံးရက်အတွင်း ဘာစီလိုနာကို ပြောင်းဖို့ မအောင်မြင့်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အသင်းနဲ့အတူ ပြန်လည် လေ့ကျင့်ခန်းတွေပြုလုပ်နေပြီး စက်တင်ဘာ ၉ ရက်နေ့မှာ ကစားမယ့် မန်စီးတီးနဲ့ပွဲကို ပါဝင်နိုင်ဖွယ်မရှိဘူးလို့ ဗြိတိန် မီဒီယာတွေကဖော်ပြပါတယ်။

ကော်တင်ဟိုဟာ ကျောဒဏ်ရာပြဿနာကြောင့် မန်စီးတီးနဲ့ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ကော်တင်ဟို ဟာ သြဂုတ် ၁ ရက်နေ့ က ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ် နောက်ပိုင်းတည်းက အသင်းရဲ့ ပွဲစဉ်တွေကို ပါဝင်နိုင်မှုမရှိခဲ့ပေမယ့် မိခင်ဘရာဇီးအသင်းရဲ့ ပွဲစဉ်တွေကို အဲဒီကာလအတွင်း ၂ ပွဲပါဝင်ကစားထားပြီဖြစ်ပါတယ်။

လီဗာပူးနည်းပြ ကလော့ကတော့ ကော်တင်ဟိုဟာ ကြံ့ခိုင်မှု ပြဿနာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ပါဝင်နိုင်မှုမရှိတာလို့ တုံ့ပြန်ထားပါတယ်။

adv_banner