?bph6

Place your ads here!

ဆီးရီးယားစစ္ပြဲေၾကာင့္ ၃ ႏွစ္ပိတ္ပင္ထားခဲ့ရတဲ့့ စာသင္ေက်ာင္း ပထမဆံုးအၾကိမ္ ဖြင့္လွစ္

ဆီးရီးယားႏုိင္ငံ Raqqa ၿမိဳ႔ဟာ အုိင္အက္စ္အၾကမ္းဖက္သမားေတြ နဲ႔ အစိုးရတပ္ဖြဲ႔ေတြၾကား စစ္ေျမျပင္ တစ္ခုျဖစ္ၿပီး ၃ ႏွစ္ၾကာျပီးတဲ့    ေနာက္ ဒီႏွစ္အေတာအတြင္းမွာမွ ပထမဆံုးအၾကိမ္ စာသင္ေက်ာင္းေတြကို ျပန္လည္ဖြင့္ လွစ္သင္ၾကား ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

စာသင္ေနတဲ့ ေက်ာင္းနံရံမွာလည္း စစ္ပြဲ ျဖစ္ထားခဲ့တာေတြေၾကာင့္ က်ည္ဆံပစ္ခတ္ထားမႈေတြကို ျမင္ေတြ႔ေနၾကရတာပါ။Raqqa ျမိဳ႔ရဲ့  ေျမာက္ပုိင္းရွိ Hazima ေက်းရြာက အဲ့ဒီစာသင္ေက်ာင္းဟာ လာမဲ့ ေႏြရာသီ ေက်ာင္းမ ပိတ္ခင္ သင္ခန္းစာေတြကို စတင္သင္ၾကားေနတာ ပဲ ျဖစ္ပါတယ္။

အစၥလာမ္စ္ေတြ သိမ္းပုိက္ခဲ့တဲ႔ ၂၀၁၄ ခုႏွစ္ကတည္းက Raqqa ျမိဳ႔ရဲ့ ေျမာက္ပိုင္းေဒသမွာ ရွိေနတဲ့ စာသင္ေက်ာင္းေတြကို ပိတ္ပင္ထားခဲ့ရတာပဲ ျဖစ္ပါတယ္။အိုင္အက္စ္ အၾကမ္းဖက္ေတြ သိမ္းပုိက္ ထားတဲ့ Raqqa ျမိဳ႔တစ္၀ိုက္ကုိ အေမရိကန္ညႊန္႔ေပါင္း တပ္ဖြဲ႔ေတြရဲ့              ေလေၾကာင္းတို္က္ခိုက္မႈေၾကာင့္ ေနရာအေတာ္မ်ားမ်ားကို ျပန္လည္ရရွိထားခဲ့ၿပီလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားစစ်ပွဲကြောင့် ၃ နှစ်ပိတ်ပင်ထားခဲ့ရတဲ့ စာသင်ကျောင်း ပထမဆုံးအကြိမ် ဖွင့်လှစ်

ဆီးရီးယားနိုင်ငံ Raqqa မြို့ဟာ အိုင်အက်စ်အကြမ်းဖက်သမားတွေ နဲ့ အစိုးရတပ်ဖွဲ့တွေကြား စစ်မြေပြင် တစ်ခုဖြစ်ပြီး ၃ နှစ်ကြာပြီးတဲ့ နောက် ဒီနှစ်အတောအတွင်းမှာမှ ပထမဆုံးအကြိမ် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့် လှစ်သင်ကြား နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
စာသင်နေတဲ့ ကျောင်းနံရံမှာလည်း စစ်ပွဲ ဖြစ်ထားခဲ့တာတွေကြောင့် ကျည်ဆံပစ်ခတ်ထားမှုတွေကို မြင်တွေ့နေကြရတာပါ။Raqqa မြို့ရဲ့ မြောက်ပိုင်းရှိ Hazima ကျေးရွာက အဲ့ဒီစာသင်ကျောင်းဟာ လာမဲ့ နွေရာသီ ကျောင်းမ ပိတ်ခင် သင်ခန်းစာတွေကို စတင်သင်ကြားနေတာ ပဲ ဖြစ်ပါတယ်။
အစ္စလာမ်စ်တွေ သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက Raqqa မြို့ရဲ့ မြောက်ပိုင်းဒေသမှာ ရှိနေတဲ့ စာသင်ကျောင်းတွေကို ပိတ်ပင်ထားခဲ့ရတာပဲ ဖြစ်ပါတယ်။အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက် ထားတဲ့ Raqqa မြို့တစ်ဝိုက်ကို အမေရိကန်ညွှန့်ပေါင်း တပ်ဖွဲ့တွေရဲ့ လေကြောင်းတိ်ုက်ခိုက်မှုကြောင့် နေရာအတော်များများကို ပြန်လည်ရရှိထားခဲ့ပြီလည်း ဖြစ်ပါတယ်။

 

adv_banner