?bph6

Place your ads here!

ဘရာဇီး အိုလံပစ်ကော်မတီ ရုံးခန်းကို ဘရာဇီးအထူးရဲတပ်ဖွဲ့ စီးနင်းရှာဖွေ

ဘရာဇီးရဲတပ်ဖွဲ့ ဟာ ဘရာဇီးအိုလံပစ် ပြိုင်ပွဲ ကော်မတီ အကြီးအကဲနဲ့ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီကို စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။

ဘရာဇီး နိုင်ငံဟာ ၂၀၁၆ ခုနှစ်က အိုလံပစ် ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေမယ့် အကျင့်ပျက်လာဘ်စားမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် အခုလိုမျိုး စီးနင်းရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ဖို့ မဲဝယ်မှုနဲ့ ပတ်သက်တဲ့ အထောက်ထားတွေကို ဘရာဇီးစုံစမ်းရေးရဲတွေ ရရှိခဲ့ပါတယ်။

အခုစီနင်းရှာဖွေမှုကို ဘရာဇီးရဲတွေနဲ့အတူ ပြင်သစ်နဲ့ အမေရိကန် နိုင်ငံက ရဲတပ်ဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့ပြီး ဘရာဇီး အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကာလိုစ့်နုမန်ကို စုံစမ်းစစ်ဆေးတာတွေ လုပ်နေတဲ့အပြင် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းထားပါတယ်။

ကာလိုစ့်နုမန်ဟာ အိုလံပစ်ပြိုင်ပွဲကို ဘရာဇီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ထောက်ခံမဲရအောင် မဲဝယ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရပြီးနောက် အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။

adv_banner