?bph6

Place your ads here!

တူရကီဟာ EU အဖွဲ့ဝင် မဖြစ်သင့်ဘူးလို့ အင်ဂျလာ မာကယ်လ် ပြော

ဥရောပသမဂ္ဂ (EU) မှာ တူရကီ မပါဝင်ရေးကို လုပ်သွားမယ်လို့ ဂျာမန် အဓိပတိ အင်ဂျလာ မာကယ်လ်ကေ ရုပ်သံ မေးမြန်းခန်းတစ်ခုမှာ ပြောဆိုလိုက်ပါတယ်။

တူရကီဟာ EU အဖွဲ့ဝင် မဖြစ်သင့်ဘူးဆိုတဲ့ အချက်ဟာ ရှင်းနေပါတယ်လို့ ရုပ်သံမေးမြန်းခန်းမှာ မစ္စ မာကယ်လ်က ပြောတာ ဖြစ်ပါတယ်။

မနှစ်က ဇူလိုင်လမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး အတိုက်အခံတွေကို နှိမ်နင်း ဖြိုးခွင်းနေတဲ့ တူရကီ သမ္မတ အာဒိုဂန်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန် ရှုတ်ချမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

မာကယ်လ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ တူရကီဘက်ကတော့ ဘာသာရေး အားလပ်ရပ်တွေ ရှိနေတဲ့ ရက်ဖြစ်လို့ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပါဘူး။

adv_banner