?bph6

Place your ads here!

ချောက်ကမ်းပါးကနေ ဒိုင်ဗင်ထိုး ပြိုင်ပွဲ ဗြိတိန်နဲ့ သြစတြေးလျ အနိုင်ရ

အမေရိကန် နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ပေါ့ဆမ် ကင်ဒမ်းကန်မှာ စက်တင်ဘာ ၃ ရက်နေ့က ပြုလုပ်တဲ့ Red Bull Cliff Diving ချောက်ကမ်းပါးကနေ ဒိုင်ဗင်ထိုး ပြိုင်ပွဲမှာ ဗြိတိန်က ဘလိတ်ခ် အယ်လ်ဒရစ်ဂ်ျနဲ့ သြစတြေးလျက ရီအန်နန် အစ်ဖ်လန်းတို့က အနိုင်ရရှိသွားပါတယ်။

တက္ကဆက်က နေသာချိန်မှာ ကျင်းပတဲ့ အဲဒီ ဒိုင်ဗင်ဒိုး ပွဲစဉ် ပြိုင်ပွဲ အမျိုးသားအဆင့်မှာ အယ်လ်ဒရစ်ဂ်ျက မက္ကဆီကိုက ဂျိုနသန် ပါရယ်ဒက်စ်ကို ကပ်ပြီး နိုင်ခဲ့တာ ဖြစ်ပြီး အိမ်ရှင် အမေရိကန် ဒိုင်ဗင်သမား ဒေးဗစ် ကောလ်တူရီကတော့ တတိယနဲ့ ကျေနပ်လိုက်ရပါတယ်။

အမျိုးသမီး အဆင့်မှာတော့ အစ်ဖ်လန်းက မက္ကဆီကိုက အက်ဒီယာနာ ဂျင်မန်နက်ဇ်ကို ကျော်ဖြတ်ကာ နိုင်ခဲ့တာ ဖြစ်ပြီး သြစတြေးလျက ဟယ်လင်နာ မာတန်က တတိယ ရရှိခဲ့ပါတယ်။

ဒိုင်ဗင်ထိုး ရာသီပြိုင်ပွဲတွေကို လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားမှာ ကျင်းပမှာ ဖြစ်ပြီး ရာသီ အဆုံးသတ် ပွဲစဉ်ကို ချီလီနိုင်ငံမှာ အောက်တိုတာ ၂၁ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

adv_banner