မိုဘိုင်းဖုန်းပေါက်ကွဲပြီး လက်မှာ ဒဏ်ရာရလို့ ဆိုနီကို တရားစွဲ

မိုဘိုင်းဖုန်းဟာ လက်ထဲမှာ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ အမျိုးသားတစ်ဦးက ဆိုနီ ကုမ္ပဏီကို ပေါင်ငွေ ၁ သောင်းရလိုမှုနဲ့ တရားစွဲလိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တွမ် ကောလင်းစ်ဟာ မေလကုန်တုန်းက သူ့ရည်းစားဆီ မက်ဆေ့ခ်ျ ပို့နေတုန်း ဆိုနီ Xperia Z2 ဖုန်းက လက်ထဲမှာ ပေါက်ကွဲခဲ့ပြီး လက်မှာ လောင်ကျွမ်းတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘဏ္ဍာရေး အကြံပေးဖြစ်သူ ကောလင်းစ်ဟာ ညာဘက် လက်ချောင်းတွေ အကုန်လုံး ရေပြားတွေ လန်ကုန်လို့ ဆေးရုံကို ပြေးခဲ့ရပါတယ်။ မီးလောင်တဲ့လက်ကို ၃ လကြာအောင် ဆေးကုခဲ့ရပြီး အလုပ်လည်းပြုတ်၊ ရည်းစားနဲ့လည်း ပြတ်ခဲ့ရပါတယ်။

အင်္ဂလန်နိုင်ငံ၊ ဘက်ဒ်ဖို့ဒ်မှာ နေတဲ့ ကောလင်းစ်က ကျွန်တော့်ဘဝမှာ အဆိုးဆုံးအချိန်ပါပဲ၊ အတော်လေး ဆိုးဝါးတဲ့ အချိန်ကာလပါပဲလို့ ပြောခဲ့ပါတယ်။ ဖုန်းပေါက်ကွဲချိန်မှာ မီးလုံးကိုင်ထားမိသလိုပါပဲလို့လည်း ပြောခဲ့ပါတယ်။

ဖုန်းရဲ့ ဘက်ထရီ ပေါက်ကွဲတာဖြစ်ပြီး သိသိချင်း လွှတ်ချလိုက်ကာ အနီးက သောက်ရေဗူးနဲ့ မီးလောင်နေတဲ့ ဖုန်းကို လောင်းချပြီး ငြိမ်းခဲ့ရပါတယ်။

ဖုန်း ပေါက်ကွဲမီးလောင်မှုနဲ့ ပတ်သက်လို့ ဆိုနီကုမ္ပဏီက ဝေ့လည်ကြောင်ပတ် တုံ့ပြန်မှုတွေ ပေးနေတဲ့အတွက် အိက်စ်ပရက် ဆိုလီဆီတာ ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ တိုင်ပင်ပြီး လျော်ကြေးတောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

adv_banner