?bph6

Place your ads here!

အမေရိကန်ဒေါ်လာ ၇ သန်းတန် အိမ် အသစ် ဝယ်လိုက်တဲ့ ရီးဟားနား

ကမ္ဘာကျော် အဆိုတော် ရီးဟားနား ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဟောလီဝုဒ်မှာ အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး တန်ကြေးရှိ အိမ် တစ်လုံးဝယ်ယူလိုက်ပါတယ်။

အဲဒီအိမ် ဟာ ရေကူးကန်အပါဝင်ရေချိုးခန်း  ၁၀ ခန်း ပါဝင်ပြီး အိပ်ခန်း ၆ ခန်းပါတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

အဲဒီအိမ်မှာ လေကျင့်ခန်းပြုလုပ်ဖို့အ ခန်း၊ ကား၈ စီးထားပြီးအခန်းတွေပါဝင်ကာ ဇီမ်ခံ ပစ္စည်းမျိုးစုံရှိပါတယ်။

အိမ်ပိုင်ရှင် ဟာအိမ်ကိုအမေရိကန်ဒေါ်လာ ၈ သန်းနဲ့ရောင်းချဖို့ဈေးခေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၈ သန်းနဲ့ အရောင်းဝယ်ဖြစ်ခဲ့တာလို့ မီဒီယာတွေကဖော်ပြပါတယ်။

အိမ်ရဲ့ ဧည့်ခန်း ဟာ ကြီးမားပြီး ခေတ်မီလှပမှုတွေ ရှိတယ်လို့ ရီးဟားနားနဲ့ နီးစပ်သူတွေကပြောပါတယ်။

adv_banner