ကိုရီးယား သရုပ်ဆောင် ဆွန်ဆမ်မီရဲ့ ခင်ပွန်း သတ်ခံရ

0
23

တောင်ကိုရီးယား သရုပ်ဆောင် မင်းသမီး ဆွန်ဆမ်မီရဲ့ ခင်ပွန်းဖြစ်သူဟာ သြဂုတ် ၂၁ ရက်နေ့က  အသတ်ခံရတယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။  

တောင်ကိုရီးယား ရဲတပ်ဖွဲ့က လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးနေပြီး လူငယ်တစ်ဦးကို ဖမ်းဆီးထားပါတယ်။ မင်းသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ လူငယ်ကို ပေးမယ်လို့ ပြောထားတဲ့ ငွေကြေးအောက် လျှော့နည်းစွာ ပေးခဲ့တာကြောင့် လူငယ်က မင်းသမီးရဲ့ ခင်ပွန်းကို ဓားနဲ့ ရုံးခန်းအတွင်းမှာ ထိုးခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

ခင်ပွန်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းမှု များစွာဖြစ်နေကာ သူ့အတွက် အခက်ခဲဆုံး အချိန်ကို ဖြတ်သန်းနေရတယ်လို့  ဆွန်ဆမ်မီရဲ့ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆွန်ဆမ်မီ ရဲ့ ခင်ပွန်းဖြစ်သူဟာ အဘိုးဖြစ်သူဆီကနေ အိမ်ကို အမွေရစေဖို့ လူငယ်ကို အကူအညီ တောင်းခဲ့တာဖြစ်ပြီး လူငယ်ကို အမေရိကန်ဒေါ်လာ ၈၈၀၀ ပဲ ပေးခဲ့တာကြောင့် လူငယ်က သတ်ဖြတ်ခဲ့တာလို့ မီဒီယာတွေကဖော်ပြပါတယ်။ သတ်ဖြတ်ခဲ့တဲ့ လူငယ်ဟာ ဆွန်ဆမ်မီ ခင်ပွန်းအပြင် မိသားစုနဲ့ပါ ရင်းနှီးတဲ့သူ ဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here