?bph6

Place your ads here!

ဂျပန်တော်ဝင် မင်းသမီး မာကို  စက်တင်ဘာလမှာ တရားဝင် စေ့စပ်မယ်

ဂျပန်တော်ဝင်မင်းသမီး မာကိုဟာ လာမယ့်လမှာ သူ့ရဲ့ အရပ်သား ချစ်သူနဲ့ တရားဝင် စေ့စပ်မယ်လို့ ကြေညာလိုက်ပါတယ်။

 မင်းသမီး မာကိုနဲ့ ချစ်သူဖြစ်သူ ကီကိုမူရိုတို့ဟာ ပူးတွဲသတင်းစာ ရှင်းလင်းခဲ့ပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ စေ့စပ်မှုလုပ်မှာဖြစ်ပါတယ်။

ဂျပန်တော်ဝင်မင်းသမီးဟာ  ဇူလိုင် ၈ ရက်နေ့က စေ့စပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဂျပန်နိုင်ငံမှာ ရေကြီးမှုတွေဖြစ်ခဲ့လို့ ပြည်သူတွေအပေါ် စာနာကြောင်းပြသနိုင်ဖို့ စေ့စပ်မယ့်ရက်ကို ဆိုင်းငံ့ခဲ့ပါတယ်။ မင်းသမီး မာကိုဟာ ဂျပန်ဘုရင် အခီဟီတိုရဲ့မြေးဖြစ်ပါတယ်။

ဂျပန်မင်းသမီး မာကိုဟာ သူ့ရဲ့ လက်ထပ်ပွဲကို လာမယ့်နှစ်မှာ လုပ်မှာဖြစ်ပြီး စေ့စပ်ပွဲကို ပုံမှန်စီစဉ်ထားတဲ့ အတိုင်းသာ စက်တင်ဘာလမှာ လုပ်မှာဖြစ်ပါတယ်။

 မင်းသမီး မာကိုရဲ့ ချစ်သူဟာ ဟီတော့ဆူဘာရှီ တက္ကသိုလ် ရောက်ခဲ့ပြီး နိုင်ငံတကာ ကက်သလစ်ကျောင်း တက်ချိန်က မာကိုရဲ့ အတန်းဖော်ဖြစ်ခဲ့ကာ တိုကျိုမြို့မှာ ဥပဒေဆိုင်ရာ လုပ်ငန်းတွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

adv_banner