ဂူအမ်ကျွန်းအကြောင်း သိထားသင့်တဲ့ အချက်များ

မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံပိုင်နက် ဖြစ်တဲ့ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခတ် မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပြီးဖြစ်ရာ ကမ္ဘာတဝန်းမှာမြောက်ကိုရီးယားနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေ၊ စကား စစ်ထိုးမှုတွေအပေါ် စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံက တိုက်ခိုက်မယ်လို့ ပြောဆိုထားတဲ့ ဂူအမ်ကျွန်းနဲ့ ပတ်သက်ပြီးလည်း စိတ်ဝင်စားလျက်ရှိနေရာ ဂူအမ်ကျွန်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက်လက်တွေကိုဖော်ပြရမယ်ဆိုရင်………….

၁ ဂူအမ်ကျွန်းဟာ ပစိဖိတ် သမုဒ္ဒရာနောက်ဘက် မှာရှိပြီး ၂၁၀ စတုရန်းမီတာ ရှိကာ အမေရိကန်ရဲ့ စစ်ရေး မဟာဗျူဟာမြောက် အခြေစိုက်စခန်းဖြစ်ပါတယ်။ ကျွန်းကုန်းမြေ ရဲ့ ၄ ပုံ ၁ ပုံ မှာ အမေရိကန် ရဲ့ စစ်အခြေစိုက်စခန်း ၇ ခု ရှိပြီး ရေတပ်ဌာနချုပ်၊ ကမ်းရိုးတန်း အခြေစိုက်စခန်း၊ လေတပ် အခြေစိုက်စခန်း၊ ဆက်သွယ်ရေး အခြေစိုက်ဌာနချုပ်စခန်း အပါဝင် စစ်အခြေစိုက် စခန်းတွေရှိပါတယ်။

၂။ ဂူအမ်ကျွန်းမှာ မြွေတွေနဲ့ ငှက်တွေပေါများပြီး အထူးသဖြင့် အဆိပ်ရှိတဲ့ မြွေတွေနဲ့ အညိုရောင် မြွေတွေများပြားကာ ကျွန်းပေါ်မှာ လူပေါင်း ၁၆၀၀၀၀ ကျော်နေထိုင်ပါတယ်။ ကျွန်းအတွင်း မြွေပေါများမှုတွေရှိနေတာကြောင့် အဆိပ်ရှိတဲ့ကြွက်တွေကို ဝယ်ယူကာ တိုက်ခိုက်မှုတွေပြုလုပ်စေခဲ့ပါတယ်။ ကျွန်းပေါ်မှာမြွေတွေ ဟာ ဘယ်လောက် အထိ များသလဲဆိုရင် တစ်စတုရန်းမိုင်ကို မြွေအရေအတွက် ၁၃၀၀၀ ကောင်ရှိပါတယ်။ မြွေတွေပေါများတာကြောင့် အဆိပ်ရှိတဲ့ကြွက်တွေကို ဘိန်းဖြူကြွေးကာ မြွေတွေကိုနှိမ်နှင်းမှုတွေလုပ်ခဲ့ဖူးပါတယ်။

၃။ ဂူအမ်မှာ ဘောလုံးအသင်းတစ်သင်းရှိပြီး ရုရှားနိုင်ငံမှာကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ ကစားဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီ အသင်း ဟာ ၂၀၀၉ ခုနှစ် မှာ ကမ္ဘာဘောလုံးအဖွဲချုပ် မှာ စတင် အမည်စာရင်းသွင်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာကျင်းပမယ့် ကမ္ဘာဖလား ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။

၎။ အမေရိကန်နိုင်ငံ ဟာ ၁၈၉၈ ခုနှစ်မှာ ဥရောပ နိုင်ငံတွေဆီကနေ ဂူအမ်ကျွန်းကို လွဲပြောင်းယူခဲ့တာဖြစ်ပါတယ်။ ဂူအမ်ကျွန်းကိုအမေရိကန်လူမျိုးတွေ ရောက်ရှိလာပြီးနောက် ကျွန်းမှာ ရှိနေတဲ့ စပိန်တွေကို ကျွန်းကနေ ထွက်ခွာဖို့ သတိပေး ပစ်ခတ်တာတွေလုပ်ခဲ့ပါတယ်။ မကြာခင်မှာ စပိန် အစိုးရ ရဲ့ စစ်သင်္ဘောတွေရောက်ရှိလာပြီး အမေရိကန်တွေနဲ့ စစ်ဖြစ်ခဲ့ရာ အနိုင်ရခဲ့တာကြောင့် ဂူအမ်ကျွန်းကို အမေရိကန် တွေ ပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

၅။ ဂူအမ်ကျွန်းမှာမွေးဖွားတဲ့သူတွေ ဟာ အမေရိကန်နိုင်ငံသားတွေဖြစ်ပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၅၀ ထဲမှာရှိတဲ့နိုင်ငံသားတွေနဲ့ မတူ ကွဲပြားတာတွေရှိနေပါတယ်။ အမေရိကန် ပြည်နယ် ၅၀ အတွင်းမွေးဖွားတဲ့ သူတွေ ဟာ မဲပေးခွင့်ရသလို လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခွင့်ရှိပေမယ့် ဂူအမ်ကျွန်းက အမေရိကန်နိုင်ငံသားတွေကတော့ မဲပေးခွင့် မရှိသလို ကိုယ်စားလှယ်ဖြစ်ခွင့် မရှိပါဘူး၊

၆။ ဂူအမ်ကျွန်း ဟာ ကုလသမဂ္ဂမှာ နှစ်တိုင်းလို အငြင်းပွားမှုတွေဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုရင် ပိုင်နက်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ရတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မရှိတဲ့နယ်မြေဆိုတဲ့ အချက်နဲ့ ပက်သက်ပြီး အမေရိကန်ဟာ နှစ်စဉ် အကြိတ် အနယ်ဆွေးနွေးမှုတွေပြုလုပ်နေရပါတယ်။ အမေရိကန် ဟာ ဂူအမ်ကျွန်းအပါဝင် အခြားပိုင်နက်တွေနဲ့လည်း ပတ်သက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိတဲ့ နယ်မြေ ဆိုတဲ့အချက်နဲ့ ငြိနေလို့ ဆွေးနွေးနေရတာဖြစ်ပါတယ်။

၇။ လက်ရှိမှာအမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှုတွေရှိနေချိန်မှာ ဂူအမ်ကျွန်းဟာ အဓိကရေးပါနေပါတယ်။ မြောက်ကိုရီးယား ဟာ အမေရိကန်ကို စစ်တိုက်ဖို့ လိုလားမယ်ဆိုရင် ဂူအမ်ကျွန်းကို စတိုက်ဖို့များနေပါတယ်။ ဂူအမ်ကျွန်း ဟာ မြောက်ကိုရီးယားနိုင်ငံကနေ ၂၁၃၁ မိုင်ကွာဝေးပြီး မြောက်ကိုရီးယားနဲ့ အနီးဆုံး အမေရိကန်ပိုင်နက်တစ်ခုဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားဆိုရင် မြောက်ကိုရီးယား နဲ့ ၅၆၃၂ မိုင်၊ အလက်စကာဆိုရင် ၃၅၅၂ မိုင်ကွာဝေးနေတာကြောင့် ဂူအမ်ကျွန်း ဟာ မြောက်ကိုရီးယား ရဲ့အနီးဆုံး အမေရိကန်ပိုင်နက်ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် စစ်အခြေစိုက်စခန်းရှိတာကလည်းမြောက်ကိုရီးယား တိုက်ခိုက်ဖို့ ပိုမိုလိုလားစေတာဖြစ်ပါတယ်။

adv_banner