နျူကလီယား ဗုံးခိုကျင်းထဲမှာ ဘိန်းပင်စိုက်ပျိုးထုတ်လုပ်သူ ၃ ဦးကို ထောင်ဒဏ် ၁၈ စီချမှတ်

အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ  ရှိတဲ့ နျူကလီးယား ဗုံးခိုကျင်းဟောင်းထဲမှာ  ဘိန်းပင် နဲ့ ဆေးခြောက် ပင်တွေစိုက်မျိုးထားတဲ့ လူ  ၃ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။  အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး  မာတင်ဖယ်လရီ 46 ,  ပမ်မန် ငုရင် 27 ,  ရိုစ့်ဝင်းတား 31 ဆိုသူ အမျိုးသား ၃ ဦးကို ထောင်ဒဏ် ၁၈ စီချမှတ် လိုက်ပါ တယ်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် အဲ့ဒီ ဗုံးကိုကျင်းအဆောက်အဦးကို အစိုးရစစ်တပ်က ပုဂ္ဂလိကကို   ရောင်းချလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ အဆောက်အဦးထဲမှာ စိုက်ပျိုးထားတဲ့ ဆေးခြောက် ၄၄၂၅ ပင် အပြင်  သေဆုံးသွားတဲ့ အပင် ၆၅၀၀  တန်ဖိုးအားဖြင့် ပေါင် ၁.၂၅ သန်း ကိုတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

နောက်ထပ်လည်း အဲ့ဒါတွေအပြင် ပေါင် ၉၉၀၀၀ တန်ဖိုးရှိတဲ့ အခြောက်လှမ်းထားတဲ့ အပင် ၂၀ ကီိလိုဂရမ်တန်ဖိုးကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

အဲ့ဒီိအပင်တွေကို စက်ရုံအတွင်း မှာ လျပ်စစ်မီးကို အသုံးပြုကာ အလင်းရောင်ပေးပြီး အခြောက် စိုက်ပျိုး  ရေးစနစ်နဲ့ စိုက်ပျိုးထားတာပါ။ အဲ့ဒီလို အလင်းရောင်ပေးပြီးစိုက်ပျိုးဖို့ အသုံးပြုထားတဲ့ ကုန်ကျစရိတ်က ပေါင် ၆သိန်းခွဲလောက်ရှိပါတယ်။

adv_banner