?bph6

Place your ads here!

ကမ္ဘောဒီးယားနယ်စပ်ကနေ လာအိုတပ်တွေ ပြန်ဆုတ်ခွာပေးမယ်

ကမ္ဘောဒီးယား  နဲ့ လာအို နိုင်ငံတို့ ဟာ နှစ်နိုင်ငံ နယ်စပ်ကနေ လာအိုတပ်ဖွဲတွေ ပြန်ဆုတ်ခွာပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

 ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က  နယ်စပ်ကနေ လာအိုတပ်ဖွဲ့တွေ မဆုတ်ခွာရင် စစ်တိုက်မှုတွေ လုပ်ဆောင်ရမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့ပြီးနောက် လာအိုတပ်ဖွဲတွေ ဟာ ဆုတ်ခွာဖို့ သဘော တူညီခဲ့ပါတယ်။

လာအို တပ်ဖွဲ့ဝင် ၃၀ ဦး ဟာ ကမ္ဘောဒီးယားနယ်စပ် ထဲကိုရောက်ရှိနေခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ လာအိုတို့ ဟာ တပ်တွေဆုတ်ခွာရေးအတွက်ဆွေးနွေးချိန်မှာ လာအိုဘက် ကသဘောတူညီခဲ့ပြီး လာအိုဝန်ကြီးချုပ်က တပ်တွေဆုတ်ခွာဖို့ အမိန့်ပေးခဲ့ပါတယ်။

adv_banner