ဂျိုလီ နဲ့ ပြန်ပေါင်းနိုင်ဖို့ ဘရက်ပစ် အရက်ဖြတ်ထား

ဟောလိဝုဒ်မင်းသား ဘရက် ပစ်ဟာ မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ ကွာရှင်းဖို့ စီစဉ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ အရက်ဖြတ်ထားပြီး ဂျိုလီနဲ့ ပြန်ပေါင်းဖို့ ကြိုးစားနေတယ်လို့ ရင်းနှီးသူတွေကပြောပါတယ်။  

ရင်းနှီးသူတွေရဲ့ အဆိုအရ  ကွာရှင်းမှု လုပ်ဆောင်တာတွေကို ရပ်ထားဆဲဖြစ်သလို လာမယ့်လ အနည်းငယ်မှာလည်း ကွာရှင်းမှုနဲ့ ပတ်သက်လို့ ထပ်မံ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ရင်းနှီးသူတွေကပြောပါတယ်။

အခြားရင်းနှီးသူတွေကလည်း သူတို့နှစ်ဦး ရဲ့ ကွာရှင်းမှု ဟာ စာချုပ်နဲ့ ကွာရှင်းမှု ဖြစ်လာဖွယ်နည်းတယ်လို့ သုံးသပ်နေပါတယ်။   

ဘရက်ပစ် ဟာ လက်ရှိအချိန်မှာ အရက်သောက်တာတွေမလုပ်တော့တာကြောင့်  ကွာရှင်းမှု ကို ဆက်မလုပ်ဆောင်တာဖြစ်ပါတယ်။

ဘရတ်ပစ်  ဟာ အင်တာဗျူးတစ်ခုမှာ   တိုးတက်အောင်လုပ်မယ်လို့ ကတိပြုပြောကြားခဲ့ပြီးအဲဒီစကားတွေ ဟာ ဂျိုလီရဲ့ရင်ကို ထိရှစေခဲ့ပြီး ဘရတ်ပစ်က မိသားစုဘဝကို ကောင်းကောင်းမွန်မွန် တည်ဆောင်မယ့်ပုံစံ ပြသလာမယ်ဆိုရင်တော့ ဘရတ်ပစ်ကို ပြန်ပြီး လက်ခံလာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

adv_banner