?bph6

Place your ads here!

အသင်းကနေ ထွက်ခွင့်ပေးဖို့ လီဗာပူကွင်းလယ်လူ ကော်တင်ဟို တောင်းဆို

လီဗာပူအသင်း ကွင်းလယ်ကစားသမား ကော်တင်ဟို ဟာ  အသင်းက နေထွက်ခွာခွင့်ပြုဖို့ တောင်းဆိုလိုက်ပြီဖြစ်ပါတယ်။

ကော်တင်ဟိုကို ဘာစီလိုနာအသင်းကခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကော်တင်ဟို အတွက် ဘာစီလိုနာအသင်းက ပေါင် ၉၀ သန်းပေးကာကမ်းလှမ်းခဲ့ပေမယ့် အဲဒီကမ်းလှမ်းမှု ဟာ ပယ်ချခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကိုခေါ်ယူဖို့ ရာသီကုန်ချိန်တည်းက ကမ်းလှမ်းမှုတွေလုပ်နေတာဖြစ်ပြီး ကမ်းလှမ်းမှုတွေပယ်ချခံရပေမယ့် အပြောင်း အရွေကာလ မပိတ်ခင် အထိ ထပ်မံကြိုးစားဖွယ်ရှိနေပါတယ်။  

လီဗာပူအသင်းကတော့ ကော်တင်ဟိုကိုရောင်းချမှာမဟုတ်ဘူးလို့ အခိုင်မာပြောထားပါတယ်။  ကော်တင်ဟို ဟာ ကျောဒဏ်ရာရထားလို့  လီဗာပူအသင်းရဲ့ ပရီးမီယားလိဂ် ရာသီအဖွင့်ပွဲကိုလွဲချော်မှာဖြစ်ပြီးကော်တင်ဟိုအတွက် ဘယ်လောက်ပေးပေး ရောင်းချမှာမဟုတ်ဘူးလို ဘာစီလိုနာ နည်းပြ ကလော့ကပြောထားပါတယ်။

adv_banner