?bph6

Place your ads here!

ပြည်သူတွေ ဆိုးရွားမှုဖြစ်နေလို့ ဗင်နီဇွဲလား နိုင်ငံကို စစ်ရေးနည်းလမ်းသုံးမယ်လို့ ထရမ့်ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က  ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအရ  ဝင်ရောက် စွက်ဖက်မှုတွေ လုပ်ဆောင်မယ်လို့ ပြောလိုက်ပါတယ်။

 ဗင်နီဇွဲလားနိုင်ငံ မှာ  သမ္မတ ကို လုပ်ပိုင်ခွင့်ပိုရစေမယ့်  ညီလာခံနဲ့ ပတ်သက်ပြီး  ဆန်ကျင့်ဆန္ဒပြမှုတွေ ဖြစ်ပေါ်မှုနဲ့အတူ နိုင်ငံရေး ပဋိပက္ခဖြစ်နေပါတယ်။

ဗင်နီဇွဲလားအစိုးရ ဟာ ဆန်ကျင့်ဆန္ဒပြသူတွေကို ပစ်ခတ်တာတွေ လုပ်ခဲ့ရာ  အမေရိကန် နိုင်ငံက ဗင်နီဇွဲလား အစိုးရလုပ်ရပ်အတွက်  သမ္မတ မာဒူရိုကို ပိတ်ဆို့မှုတွေလုပ်ခဲ့သလို အခြားနိုင်ငံတွေကလည်း ဗင်နီဇွဲလား သမ္မတ ကိုအာဏာရှင်လို့ စွပ်စွဲခဲ့ပါတယ်။

ဗင်နီဇွဲလား ပြည်သူတွေ ဟာ ဘေးဒုက္ခရောက်မှု နဲ့အတူသေဆုံးတာတွေရှိနေတာကြောင့်လိုအပ်မှုရှိလာမယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးနည်းလမ်းတွေရွေးချယ်သွားမယ်လို့ အမေရိကန် သမ္မတ ထရမ့် ကပြောပါတယ်။

ဗင်နီဇွဲလားအာဏာပိုင်တွေက တော့ အမေရိကန်နိုင်ငံ ဟာ ဗင်နီဇွဲလားကို ကျူးကျော်မှုတွေလုပ်ဖို့  အရင်တည်းက စီစဉ်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

adv_banner