?bph6

Place your ads here!

 ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို အသက် ၁၁၃ နှစ်ကွယ်လွန်

အစ္စရေးနိုင်ငံက ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားလို့ ၂၀၁၆ ခုနှစ်တုန်က ဂင်းနစ်စံချိန်ရရှိထားတဲ့ အဘိုးအိုဟာ အသက် ၁၁၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ ။

ရစ်ရေးရယ် ကစ်စတယ် ကို ၁၉၀၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ ပိုလန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး သူအပါအ၀င် သူရဲ့ ပထမဇနီးနဲ့ ကလေးငယ် ၂ ယောက်အပြင် တခြားမိသားစုတွေဟာ နာဇီတွေရဲ့လက်ချက်နဲ့ မီးလောင် တိုက်သွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။

 အဲ့ဒီလို မီးလောင်တိုက်သွင်းခံရတဲ့အထဲမှာ သူဟာအသက်ရှင် ကျန်ရစ်ခဲ့ပြီး ၁၉၅၀ ခုနှစ်မှာ   အစ္စရေးကို ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

အသက် ၁၁၂ ပြည့်တဲ့ ၂၀၁၆ ခုနှစ်မှာ ဂင်းနစ်စံချိန်ရရှိထားပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့  မှာတော့ ဟိုင်ဖာမြို့ရဲ့ မြောက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီလို အစ္စရေးသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

adv_banner