?bph6

Place your ads here!

ပီရူးနိုင်ငံဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီး နှင့်ထုတ်ခံ ရ

ပီရူးနိုင်ငံ ပီးရူးနိုင်ငံ ဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီးကို  သြဂုတ် ၁၁ ရက်နေ့က နှင်ထုတ်လိုက်ပါတယ်။  

ဗင်နီဇွဲလား နိုင်ငံမှာ သမ္မတ မာဒူရိုကို လုပ်ပိုင်ခွင့် အာဏာပို့ရစေမယ့်  ဖွဲစည်းပုံအခြေခံဆိုင်ရာ ညီလာခံ ပြုလုပ်မှုအပေါ် ပြည်သူအများစု  ရူတ်ချလျက်ရှိနေချိန်မှာ ဗင်နီဇွဲလား  အစိုးရ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ သံမတ် ကြီးကိုနှင်ထုတ်တာဖြစ်တယ်လို့ သတင်းတွေကဖော်ပြပါတယ်။

ပီရူးသမ္မတ ကလည်း ဗင်နီဇွဲလား သမ္မတ မာဒူရို ဟာ အာဏာရှင်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။

ဗင်နီဇွဲလား သ မ္မတ ဟာ ဧပြီလနောက်ပိုင်းတည်းက အစိုးရ ဆန်ကျင့်ရေး ဆန္ဒပြသူတွေကို နှိမ်နှင်းမှုတွေလုပ်ခဲ့ရာ လူပေါင်း ၁၂၀ ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ပီရူးနိုင်ငံ ဟာ  ဗင်နီဇွဲလား နိုင်ငံထဲသံတမန်တွေကို ပြီးခဲ့တဲ့ မတ်လတည်းက ပြန်ခေါ်ထားပြီးဖြစ်ပါတယ်။

adv_banner